နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၅ရက် ၂၂.၆.၂၀၁၈ရက်နေ့၊နံနက်(၀၉း၃၀)နာရီမှ(၁၁း၃၀)နာရီအထိလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌၂၀၁၈ခုနှစ်၊ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့်မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပပြုလုပ်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးပြောကြားရာတွင်၁၉၉၅ခုနှစ်၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ပေကျင်းမြို့တွင်ကျင်းပခဲ့သောစတုတ္ထအကြိမ်မြောက်ကမ္ဘာ့အမျိုးသမီးညီလာခံ သို့ မြန်မာကိုယ်စားလှယ်များသည်အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ပါကြောင်း၊
နေပြည်တော်၊၂၀၁၈ခုနှစ်၊ ဇွန်လ ၂၂ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၏၂၀၁၇-၂၀၁၈ပညာ သင်နှစ်၊ ဝန်ထမ်းမိသားစု ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်ပွဲအခမ်းအနားကို(၂၁.၆.၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းကဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးတက် ရောက်အမှာစကား ပြောကြားပါသည်။
နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၂ ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ASEAN Korea Centre (AKC) Secretary Generalဖြစ်သူ H.EMr.Lee Hyuk ဦးဆောင်သော အဖွဲ့က (၂၁.၆.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာ ခန်းမ၌ လာေ ရာက်တွေ့ဆုံပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၂ရက် လူမှုဝန်ထမ်းဦးစီးဌာန၊မသန်စွမ်းသက်ကြီးသင်တန်းကျောင်းသို့သူနာပြုတက္ကသိုလ်၊ရန်ကုန်မြို့မှကျောင်းသား/ကျောင်းသူများသည်(၂၁.၆.၂၀၁၈) ရက်နေ့တွင်လေ့လာရေးလာရောက်ခဲ့ကြရာယာယီကျောင်းအုပ်ဒေါ်ခင်ခင်စိုးမှလုပ်ငန်းဆောင်ရွက်နေမှုများအားရှင်းလင်းပြောကြားခဲ့ပြီးဖွင့်လှစ်လျက် ရှိသော သက်မွေးသင်တန်းများအားလေ့လာကြည့်ရှုခဲ့
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၁ရက် (၁၈.၆.၂၀၁၈)ရက်​​နေ့၊နံနက်(၁၀း၀၀)နာရီတွင်မိုး​မောက်မြို့နယ်၊အ​ထွေ​ထွေအုပ်ချုပ်​​ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်​​ရေးမှူးရုံးခန်း၌ပြုလုပ်​​သောမြို့နယ် က​လေးသူငယ်အခွင့်​အ​ရေးဆိုင်ရာ ​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ကျင်းပခဲ့ပါသည်။ မြို့နယ်က​လေး သူငယ်အခွင့်​အရေး ဆိုင်ရာ​ကော် မတီဝင် (၁၅)ဦး တက်​​ရောက် ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၈ခုနှစ်၊ဇွန်လ၂၁ရက် (၁၆.၆.၂၀၁၈)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်အတွင်းရှိမြို့နယ်(၄)မြို့နယ်မှအသက်(၉၀)နှစ်အထက်ဘိုး/ဘွားစုစုပေါင်း(၅၉၁)ဦးကို တစ်ဦးတစ်လလျှင်ကျပ်တစ်သောင်း(၁၀၀၀၀ိ/-)နှုန်း (၃)လ အတွက် ကျပ်သုံးသောင်း (၃၀၀၀၀ိ/)ကျပ်နှုန်းစီ အား၂၀၁၈ခုနှစ်အတွက် ပထမ အကြိမ် လူမှုရေး ပင်စင်များကိုဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးတို့မှတာဝန်ရှိသူများသည် အိမ်တိုင်ရာရောက် ဘိုး/ဘွား များ အားထောက်ပံ့ပေးအပ်ခဲ့
မကွေးတိုင်းဒေသကြီး ၊၂၀၁၈ခုနှစ်၊ ဇွန်လ ၂၁ရက် မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏(၁/၂၀၁၈)အစည်းအဝေးကို(၁၄.၆.၂၀၁၈)ရက်နေ့ ၊နေ့လည်(၁၄း၀၀)နာရီတွင် လူမှုဝန်ထမ်းဦးစီး ဌာန ၊ မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပရာတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ အစိုးရဌာနဆိုင်ရာမှကော်မတီဝင်(၁၀)ဦး၊ လူငယ်ကိုယ်စား လှယ်ကော်မတီဝင် (၁၅)ဦး၊ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၁ ရက် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာရန်ပုံငွေထူထောင်ရေးနှင့်စပ်လျဉ်းသည့်အစည်းအဝေးအား(၂၁.၆.၂၀၁၈)ရက်နေ့ ၊နေ့လယ်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဌ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင်လူတိုင်းရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံလူ့အခွင့်အရေးများ ရရှိရေးနှင့် လွတ်လပ်စွာ လုံခြုံမှုရှိရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လုံခြုံမှုဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ဓာတ်ပိုင်းဆိုင်ရာလုံခြုံမှု ကိုပါ ထည့်သွင်း ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မသန်စွမ်းသူများ၏ အခြေခံလိုအပ်ချက် များကို အပြည့်အဝဖြည့်ဆည်းနိုင် ရန်ရန်ပုံငွေတစ်ရပ် ထူထောင်ရေးလိုအပ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေများထွက်ရှိပြီးသည့်အပြင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည့်အမျိုးသားကော်မတီနှင့်လုပ်ငန်းကော်မတီများကိုလည်းဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ (၅.၆.၂၀၁၈) ရက်နေ့တွင်ကျင်းပပြု လုပ်ခဲ့သည့်လုပ်ငန်းကော်မတီ(၁/၂၀၁၈) အစည်းအဝေးဆုံးဖြတ်ချက်အရ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာရန်ပုံငွေ ထူထောင်နိုင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနသို့ တင်ပြညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သဖြင့် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း ၊မြန်မာနိုင်ငံမသန်စွမ်း သူများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၁၆-၂၀၂၅)၏ လုပ်ငန်းအစီအစဉ်( ၄)ရပ်တွင်လည်းလုပ်ငန်း စီမံချက် များ အကောင် အထည်ဖော်ဆောငရွက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် နိုင်ငံတော် ဘတ်ဂျက်မှ ရန်ပုံငွေ ခွဲဝေချထားပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်ဟူ၍ ပါဝင် ပါကြောင်း၊ ရန်ပုံငွေ ထူထောင်ရာတွင်လည်း ခွဲဝေသုံးစွဲမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို သတ်မှတ်ပြီး စာရင်း စစ်ဆေးမှု ခံယူနိုင်ရေးအတွက်လည်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများမှ ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးပါရန် နှင့်ပူးပေါင်းပါဝင်မှု အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
မွန်ပြည်နယ်၊၊မော်လမြိုင် ၂၀၁၈ခုနှစ်၊ဇွန်လ ၂၀ ရက် မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင်ရောက်ရှိနေသောအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊လူမှုဝန်ထမ်း၊ကယ် ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အဖွဲ့သည်(၂၀.၆.၂၀၁၈)ရက်နေ့၊နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (ဆည်မြောင်း) ဦးမြဝင်းနှင့်အတူမုဒုံမြို့နယ် ၊ ကမာဝက်ကျေးရွာ အနီးရှိ ဝင်းဖနုံရေလှောင်တမံ သို့ရောက်ရှိပြီး ၊ တာဝန်ရှိပုဂ္ဂိုလ်များက ရေလှောင် တမံကြံ့ခိုင်မှု အခြေအနေ ၊ရေဝင်ရောက်မှု အခြေအနေအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ရေလှောင်တမံတစ်လျှောက်လှည့်လည် ကြည့်ရှု့ခြင်း ၊ ရေလှောင်ကန်အတွင်းရှိ ရေထိန်းမျှော်စင်အလုပ်လုပ် နေမှုတို့အား ကြည့်ရှု့ခဲ့ပါသည်။
နေပြည်တော်၊၂၀၁၈ခုနျစ်၊ ဇွန်လ၂၀ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား The International Committee of the Red Cross (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Fabrizzio Carboni ဦးဆောင်သော အဖွဲ့က (၁၉.၅.၂၀၁၈) ရက်နေ့၊နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။