၇-၁၂-၂၀၂၁ ရုံးအမှတ် ၂၃၊ နေပြည်တော် လူမှုရေးကဏ္ဍမှာ ကျယ်ပြန့်သည့်အလျောက် ကြားကာလအစိုးရသက်တမ်းကာလ အတွင်း ဝန်ကြီးဌာန၏ မူလလုပ်ငန်းတာဝန်များဖြစ်သော ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ထိခိုက်လွယ်အုပ်စုများဖြစ်သော ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းအောင် နည်းမှန်လမ်းမှန်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဖြည့်ဆည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့်
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် သင်တန်းဆင်း ကျောင်းသား/သူများနှင့် တွေ့ဆုံလမ်းညွှန်ခြင်းအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော် ၁.၁၂.၂၀၂၁ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီမှ ဦးဆောင်၍ ဆက်စပ်ဌာနအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်မည့် လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့် ရှောက်ရေး စီမံချက် (မူကြမ်း) ဒုတိယအကြိမ်အား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပရာပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးမှူး များ တက်ရောက်ကြသည်။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) အား အကဲဖြတ်သုံးသပ်ရာတွင် အသုံးပြုရမည့် ညွှန်ကိန်း (၂၈၁) ခု ပါဝင်သည့် အမျိုးသားညွှန်ကိန်းမူဘောင် (National Indicator Framework – NIF) နှင့်စပ် လျဉ်းပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် သက်ဆိုင်သည့် ညွှန်ကိန်းများအပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့(၃၀-၁၁-၂၀၂ ရက်နေ့) (၁၀:၀၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၉ မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ Grand Amara ဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌(၂၆-၁၁-၂၀၂၁)ရက်နေ့တွင် ကျင်းပခဲ့ ပါသည်။
၂၅ ရက်၊ နိုဝင်ဘာလ နေပြည်တော် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ၏ အဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းအချိန်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင်
နိုဝင်ဘာလ ၂၅၊ နေပြည်တော် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ကြီးမှူး၍ ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ စုပေါင်းခန်းမ၌ လူကိုယ်တိုင်တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ online ကတစ်ဆင့်တက် ရောက်ခြင်းဖြင့်လည်းကောင်း ပုံစံ (၂)မျိုးပေါင်းစပ်ကျင်းပခဲ့ပါသည်။
လူငယ်ရေးရာမူဝါဒနှင့် ဆက်စပ်လုပ်ငန်းစဉ်များအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ ၂၄.၁၁.၂၀၂၁ ရက်နေ့ ဝန်ကြီးရုံး၊ စုပေါင်းခန်းမ သတင်းစဉ် လူငယ်ရေးရာမူဝါဒနှင့် ဆက်စပ်လုပ်ငန်းစဉ်များအား အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။