အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း

ကျောင်းများတည်နေရာ 

ရန်ကုန် VTW -         အမှတ်(၁၈) ၊နတ်မောက်လမ်းသွယ် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

                               ဖုန်းနံပါတ်   ၀၁-၅၅၄၂၈၂

မန္တလေးVTW-         အကွက်အမှတ် (၄၁)၊ဘုန်းတော်တိုးရပ်ကွက် ၊  ရွှေကျင်သံလမ်းအနီး၊ 

                              အောင်မြေသာဇံမြို့နယ် ၊ ဖုန်းနံပါတ်  ၀၂-၄၀၆၀၄၇၅

ကျိုင်းတုံ VTW-     အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလုံ မိုင်းယန်လမ်း၊ ကျိုင်းတုံမြို့၊ 

                             ဖုန်းနံပါတ် ၀၈၄-၂၁၈၉၆

မြိတ် VTW    -      စန္ဒဝတ်ကျေးရွာအုပ်စု ၊ကရှက်ကျေးရွာ ၊ မြိတ်မြို့၊ 

                          ဖုန်းနံပါတ်  ၀၅၉-၄၁၆၅၈ 

ရည်ရွယ်ချက်

ထိန်းသိမ်းကာကွယ်စောင့်‌ရှောက်ထားသော အမျိုးသမီးငယ်များအား မှန်ကန် သော အတွေးအခေါ်များရရှိစေရန်နှင့်  အကျင့်စာရိတ္တပြုပြင်ပေးရန်၊
သက်မွေးပညာသင်ကြားပေးခြင်းဖြင့် ဝင်ငွေရလုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး ဘဝရပ်တည်နိုင်ရန်၊
လူနေမှုဘဝ အနေအထိုင်များ၊ ပြင်ပဗဟုသုတများ၊ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လူမှုအသိုက်အဝန်းအတွင်းပြန်လည်ဝင်ဆန့်လာနိုင်ရန်၊
လက်ခံသည့်အမျိုးအစား 

ကလေးသူငယ်တရားရုံးမှ ပို့အပ်သည့် အသက်(၁၈)နှစ်အောက် အမျိုးသမီးငယ်များ 
လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားချက်ဖြင့် ပို့အပ်သော အမျိုးသမီးများ 
လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုများ

စားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း 
အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်စေရန် လမ်းညွှန်သင်ကြားပေးခြင်း 
ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း 
‘အ’သုံးလုံးသင်ကြားပေးခြင်း
အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးခြင်း
မိဘရပ်ထံပြန်လည်အပ်နှံပေးခြင်း 

Women 4