ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာပင်မအထောက်အကူပြုဗဟိုဌာန

နိဒါန်း

၁။    ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက် အကူပြုဗဟိုဌာနကို အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် (၃.၆.၂၀၁၄) ရက်နေ့မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။

ရည်ရွယ်ချက်

၂။    ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာန (Central ECCD Resource Center) ဖွင့်လှစ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- 

လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း

          ၁၉၅၄ခုနှစ်တွင် လူမှုဝန်ထမ်းဝန်ကြီး ဦးဘစော ဦးစီးသည့်အဖွဲ့ဝင် (၁၂)ဦး ပါဝင်သော ကော်မတီကိုဖွဲ့စည်းပြီး မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးသင်တန်းများ ဆောင်ရွက်ရန် မြေဧက(၅၀.၉ဧက)အကျယ်အဝန်းရှိလက်ရှိနေရာတွင် သင်တန်းကျောင်းအား စတင်တည်ထောင် ခဲ့ပါသည်။

လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းမှသင်ကြားပို့ချပေးလျှက်ရှိသောသင်တန်းများ

ဖွင့်လှစ်သည့်နေရာ            -    လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း
                                             အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရန်ကုန်မြို့။
                                             ဖုန်း- ၀၁-၆၅၀၄၉၃၊ ၀၁-၉၆၆၁၃၁၀