အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) - NSPAW

စတုတ္ထအကြိမ်  ကမ္ဘာ့အမျိုးသမီးညီလာခံ (ဘေဂျင်း ၁၉၉၅)ကို တက်ရောက်ပြီး ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်‌ရေးကို တက်ကြွစွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် CEDAW၊ ဘေဂျင်းလုပ်ငန်းစီမံချက်တို့ကို အခြေခံ၍ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃-၂၀၂၂) ကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

အကြမ်းဖက်ခံရသူအမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Centre - OSWSC) ဝန်ဆောင်မှုပေးခြင်း

လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ငယ်မုဒိမ်းမှုအပါအဝင် Gender Based Violence Case (GBV Case) များနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရာတွင် ဖြစ်စဉ်အခြေအနေအရ Survivor အား သီးခြားလုံခြုံမှုပေးရန် လိုအပ်ပါက လူမှုဝန်ထမ်းဦးစီးဌာနမှ ရန်ကုန်မြို့၊ မန္တလေးမြို့၊ လားရှိုးမြို့၊ မော်လမြိုင်မြို့၊ လွိုင်ကော်မြို့တို့တွင် ဖွင့်လှစ်ထားရှိသော “အကြမ်းဖက်ခံရသူ အမျိုးသမီးများအား တစ်နေရာတည်းတွင်ဝန်ဆောင်မှုပေးသည့် စင်တာ” (One Stop Women Support Center-OSWSC) များတွင် လက်ခံစောင့်ရှောက် ကာကွယ်ပေးလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့တွင် OSWSC အသစ်ဖွင့်လှစ်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာနများ

အမျိုးသမီးများဖွံံံ့ဖြိုးတိုးတက်ရေးဌာန (၂)ရှိပါသည်။


တည်နေရာ
           ရန်ကုန်နှင့် မန္တ္တလေးမြို့တို့၌ တည်ရှိပါသည်။

အမျိုးသမီးကျောင်းများဌာနစု(၂)

    အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန (၂)ခုရှိပါသည်။


တည်နေရာ
    ရန်ကုန်(တွံတေး)နှင့် မန္တ္တလေးမြို့တို့၌ တည်ရှိပါသည်။

အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း

အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း (၄)ကျောင်း ရှိပါသည်။

ကျောင်းများတည်နေရာ
    ရန်ကုန်၊ မန ္တလေး၊ မြိတ်နှင့် ကျိုင်းတုံမြို့တို့၌ တည်ရှိပါသည်။