မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်

ရည်ရွယ်ချက်။

    ဤသဘောတူစာချုပ်၏ရည်ရွယ်ချက်မှာ လူ့အခွင့်အရေးအားလုံးနှင့် အခြေခံလွတ်လပ်ပိုင်ခွင့်အားလုံးကို မသန်စွမ်းသူများလည်း သာတူညီမျှပြည့်ဝစွာခံစားနိုင်ရေးကို အကာအကွယ်ပေးရေးနှင့်် သေချာစွာခံစားခွင့် ရရှိစေရေးတိုးတက်စေရန်တို့အပြင် ၎င်းတို့၏မွေးရာပါလူ့ဂုဏ်သိက္ခာကို အလေးအမြတ်ပြုရေးမြင့်မားလာစေရန် တို့ဖြစ်သည်။