ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပညီလာခံသို့တက်ရောက်

နေပြည်တော်၊ ၁.၁၀.၂၀၁၉
    ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁)ရက် နေ့က ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုလ်းမြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပ ညီလာခံ သို့ တက်ရောက်ခဲ့ပါသည်။
    ညီလာခံဖွင့်ပွဲအခမ်းအနားကို ကိုရီးယားအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ Ms. Young-Ae Choi က အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုများ အပါအဝင်ပဋိသန္ဓေတည်သည်မှစတင်၍ လူငယ်များ၊ အမျိုးသမီးများအပါအဝင် လူ့အသိုက်အဝန်း အားလုံး၏ လူ့အခွင့်အရေးတိုးမြှင့်ရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ သက်ကြီးရွယ်အိုဆိုင်ရာဥပဒေကို ၂၀၁၆ခုနှစ်တွင် ပြဌာန်းနိုင်ခဲ့သလို သက်ကြီးပင်စင် စနစ်ကို ၂၀၁၇ခုနှစ်မှ စတင်အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာ ယခုအခါအသက် (၈၅) နှစ်အထက်သက်ကြီးရွယ်အိုအားလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ကြီးပင်စင်စနစ် ဆောင်ရွက်နေပါကြောင်း၊ သက်ကြီးရွယ်အိုများအနေဖြင့် ကျန်းမာရေးကောင်းမွန်ရန် ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့လည်းလိုအပ်ကြောင်း၊ သက်ကြီးရွယ်အို များအနေဖြင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာကိစ္စများတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေး၊ သက်ကြီးတို့၏ အတွေ့အကြုံ၊ ဉာဏ်ပညာ၊ ဗဟုသုတတို့ကို လူငယ်တို့၏ ဆန်းသစ်သော အတွေးအခေါ်များ၊ တီထွင်ဖန်တီးနိုင်မှုစွမ်းအားများနှင့် ချိတ်ဆက်ရန်လိုပါကြောင်း၊ ယနေ့ကဲ့သို့ နည်းပညာများဖွံ့ဖြိုးတိုးတက်လာသည့်အချိန်တွင် နည်းပညာကို သက်ကြီးရွယ်အိုများ အသုံးပြု နိုင်ရန်၊ နည်းပညာ၏အကျိုးကျေးဇူးကို သက်ကြီးများရရှိနိုင်ရန် ကြိုးပမ်းရန်လိုကြောင်း၊ ဖွံ့ဖြိုး တိုးတက်မှုများကြောင့် သက်ကြီးများ များပြားလာရာ စနစ်အသီးသီးတို့လည်း လိုက်ပါချိန်ဆ ပြောင်းလဲရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် KOICA အဖွဲ့အစည်း၏ President ဖြစ်သူ Ms. Lee Mi-kyung နှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် KOICA မြန်မာမှ World Friends Korea အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကိုရီးယားလုပ်အားပေးအစီအစဉ်များမှ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အကျိုးကျေးဇူးများ ရရှိခဲ့သည့်အတွက် အဆိုပါအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လူမှုဝန်ထမ်းပညာရှင် (Social Worker)များ မွေးထုတ်နိုင်ရေး၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို၊ ကာလရှည်သင်တန်းများ KOICA အစီအစဉ်ဖြင့် စေလွှတ်နိုင်ရေး၊ ရန်ကုန်မြို့တွင် တည်ထောင်ရန်လျာထားသော Social work Institute ဖွင့်လှစ်ရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး၊ မိုင်းဒဏ်သင့် မသန်စွမ်းသူများအား ပြန်လည်ထူထောင်ရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ သက်ကြီးရွယ်အိုများ အပါအဝင် အမျိုးသမီး၊ ကလေးသူငယ်တို့၏ အခွင့်အရေးများ အပြည့်အဝခံစားရရှိရေး လက်ရှိဆောင်ရွက်နေ သည့်ကိစ္စရပ်များနှင့် KOICA နှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန် မြို့ တွင် နိုဝင်ဘာလအတွင်းကျင်းပမည့် ROK-ASEAN နှစ်(၃၀)မြောက် ဆွေးနွေးပွဲတွင် KOICA မှ ပါဝင်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
    အဆိုပါညီလာခံအား အောက်တိုဘာလ (၁)ရက်နေ့မှ (၂)ရက်နေ့အထိ ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter