ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်(၃၀)ပြည့် အထိမ်းအမှတ် နှင့် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ(၂၀)ရက်
    ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်(၃၀)ပြည့် အထိမ်း အမှတ်နှင့် ၂၀၁၉ ခုနှစ်ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ သင်္ဂ࿿ဟဟိုတယ်၌ကျင်းပခဲ့ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ယူနီဆက်မြန်မာမှ ဌာနေကိုယ်စားလှယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသား ကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကော်မတီဥက္ကဌများ၊ ကလေးငယ် များနှင့် ဆယ်ကျော်သက် သူငယ်(၁၀ဝ)ကျော်တို့တက်ရောက်ခဲ့ကြပါသည်။
    ရှေ့ဦးစွာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကလေးငယ်များ၊ ဆယ်ကျောက်သက် သူငယ်များကစုစည်းပြီး ရွှေရောင်လိပ်ပြာအဖွဲ့က မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီကိစ္စ၊ ဓူဝံအဖွဲ့က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ကလေးသူငယ် လွှတ်တော်ကော်မတီကိစ္စ၊ ကနောင်လော်ဂျီအဖွဲ့က လူမှုကွန်ရက်နည်းပညာအသုံးပြု၍ ကလေး သူငယ်များအတွက် ပါဝင်ရန် နေရာတစ်ခုဖန်တီးခြင်းကိစ္စ၊ ဒို့အားလုံးရဲ့အသံအဖွဲ့က အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီတွင် လူငယ်များပိုမိုပါဝင်နိုင်ရန်နေရာတစ်ခု ဖန်တီးပေးခြင်းကိစ္စ၊ဗေဒါအဖွဲ့က ကလေးသူငယ်တွေ့ရဲ့အခက်အခဲပြဿနာများကို ကိုယ်တိုင်တင်ပြ ဆွေးနွေး ဖော်ဆောင်နိုင်သောနေရာ − လူငယ်လွှတ်တော်ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အသီးသီးက ဆန်းသစ်သောအကြံဉာဏ်များကို ပြသခြင်း၊ ကလေးသူငယ်များ၏ ထင်မြင်ယူဆ ချက်များကို တာဝန်ရှိသူများက ပုံမှန်နားထောင်နိုင်သည့်နည်းလမ်း အတွေးအမြင် သစ်များကို ရှင်းလင်းတင်ပြခြင်းများကို ပြခန်း(၅)ခန်းဖြင့်ဆောင်ရွက်ကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့က ပြခန်းတစ်ခန်းချင်းအလိုက် ကလေးငယ်များ၏ အသံများကိုနားထောင်၍ ပါဝင်ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြပါသည်။
    ထို့နောက် အခမ်းအနားကိုကျင်းပရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသား ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့သည် ၂၀၁၉ ခုနှစ် ကမ္ဘာ့ကလေးများနေ့ဖြစ်သကဲ့သို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ၏ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အခမ်းအနားလည်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ ကလေးများ အားလုံး တူညီသောအခွင့်အရေးများ ရရှိရေး တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေအောင် အားလုံး ပါဝင်စေရန် ကြိုးပမ်လျက်ရှိကြောင်း၊ အကောင်အထည်ဖော်ရာတွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ များဖြင့် ဆောင်ရွက်ရကြောင်း၊ မိမိတို့နိုင်ငံ၌ ကလေးသူငယ်(၁၇)သန်းခန့်ရှိကြောင်း၊ ထိုကလေးငယ် များသည် အနာဂတ်နိုင်ငံကို ပုံဖော်မည့်သူများဖြစ်သောကြောင့် ယနေ့အခမ်းအနားသည် ကလေးသူငယ်များအတွက် ကောင်းသောအမွေများ လက်ဆင့်ကမ်းပေးနိုင်ရန် မည်သို့ဆောင်ရွက် ပေးရမည်ကို ဂရုစိုက်အာရုံပြုစေနိုင်သည့် အခမ်းအနားလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို သဘောတူလက်မှတ်ရေးထိုး ထားပြီး လိုက်နာဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အတွေ့အကြုံများစွာလည်း ရရှိပြီးဖြစ်ကြောင်း၊ စိန်ခေါ်မှုများလည်းရှိကြောင်း၊ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အချက်(၅)ချက်ရှိကြောင်း၊ ကွန်ဗင်းရှင်းကိုက်ညီသည့်ဥပဒေပြဌာန်းရန်၊ ကွန်းဗင်းရှင်း ပါအချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတော်အဆင့် အမျိုးသားယန္တယား တစ်ရပ်ပေါ်ပေါက်ရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော်မှုများကို သုံးသပ် စိစစ် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံစာများတင်ပို့ခြင်းများကိုဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အချုပ်အားဖြင့်ကလေးငယ်များ၏ အခွင့်အရေး (၄)မျိုးဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုအခွင့်အရေး(၄)မျိုးသည် ဆက်စပ်နေပါကြောင်း၊ ကလေးငယ်များ အသက်ရှင်သန်ဖို့နှင့် ဦးနှောက်နှင့် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာရေးသည် အရေးကြီးကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာကို ချမှတ်ပြီးဆောင်ရွက်လျက်ရှိကြောင်း၊ မဟာဗျူဟာထဲတွင်ကိုယ်ဝန်ဆောင်မိခင်နှင့် ゞင်းမှမွေးဖွားသောအသက်(၂)နှစ်အထိကလေးငယ်များ အာဟာရအတွက် ငွေကြေးထောက်ပံ့ခြင်းနှင့်ပညာပေးအစီအစဉ် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အစိုးရ၏ခံယူချက်ဖြစ်သည့် အားလုံးသာတူညီမျှခံစားရရှိရေးမူဖြင့် ဆောင်ရွက်လျက် ရှိရာတွင် နိုင်ငံတော်၏ ဘတ်ဂျက်အနေအထားအရ အညွှန်းကိန်းများဖြင့် ဖွံ့ဖြိုးမှုနောက်အကျဆုံး ဒေသများမှ စတင်ဖြည့်ဆည်းလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မွေးစမှ အသက်(၈)နှစ် အထိ ရှေးဦးအရွယ်ကလေး သူငယ်ကဏ္ဍဍကို စနစ်တကျပြုစုစောင့်ရှောက်ခြင်းလိုက်ခြင်းဖြင့် ゞင်းတို့၏ရှေ့ဆက်မည့် သင်ကြားမှု သင်ယူမှုများတွင် အကောင်းဆုံးအခြေအနေတစ်ရပ်ကို ရရှိသွား ကြမှာဖြစ်ကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ်စောင့်ရှောက်ရေးကဏ္ဍဍကို မဟာဗျူဟာ တွင် ထည့်သွင်း၍ ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ကလေးသူငယ်ဥပဒေ ၁၉၉၃ ကိုပြဋ္ဌဌာန်း၍ ကလေးသူငယ် အခွင့်အရေးများကို ဖော်ဆောင်ခဲ့ပါကြောင်း၊ သို့ရာတွင် ခေတ်ကာလ အခြေအနေအရ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် ပိုမိုကိုက်ညီအောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)ကို ဖော်ဆောင်ခဲ့ပါကြောင်း၊ ထိုဥပဒေအသစ်ဖြင့်  ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသကဲ့သို့ အခွင့်အရေးများ အပြည့်အဝရရှိအောင် ကာကွယ်စောင့်ရှောက်မှုများလည်း ပြုလုပ်ပေးရန်ဖြစ်ကြောင်း၊ ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်းသည် အနာဂတ်နိုင်ငံကို ပုံဖော်ခြင်းဖြစ်ရာ ကလေးငယ်များပါဝင်ဆောင်ရွက် ခွင့်ရရှိရေးကို အကောင်အထည်ဖော်ရာတွင် ကလေးငယ်များ၏ အသံကိုနားထောင်ဖို့လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အရ သိသာထင်ရှားသော ပြောင်းလဲမှုများကို တစ်ဆင့်ချင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်းပါဝင်ကြဖို့လိုကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် UNICEF Myanmar မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်(၃၀)ပြည့် အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
 ယင်းနောက် မှတ်တမ်းဗီဒီယိုကိုပြသခြင်းနှင့် Mynmar Got Talent ပြိုင်ပွဲတွင် အနိုင်ရရှိ ခဲ့သော Junior Creative အကအဖွဲ့မှ ပုံရိပ်အက ( Shadow dance) ဖြင့် ဖော်ဖြေတင်ဆက် ခြင်းများ ပြုလုပ်ခဲ့ကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လာမည့်နှစ် (၃၀)အတွက် ကလေးအခွင့်အရေးများ ရရှိရေးအတွက် ကတိပြုလက်မှတ် ရေးထိုး ခဲ့ကြပါသည်။
    ဆက်လက်၍ တက်ရောက်လာကြသူများက ကလေးသူငယ်များဖန်တီးထားသော  ပြခန်းများ၊ ပြိုင်ပွဲဝင်ပြခန်းများကိုကြည့်ရှုခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်ရေးများဆိုင်ရာကော်မတီဥက္ကဌ (ပြည်သူ့လွှတ်တော်)၊ ပြည်ထောင်စုလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်ရေးများဆိုင်ရာကော်မတီဥက္ကဌ (အမျိုးသားလွှတ်တော်)တို့က အမှာစကားများပြောကြားခဲ့ကြပြီး ပြိုင်ပွဲဝင်ပြခန်းအနိုင်ရ အသင်း များအား ဆုများချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter