
စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှု ရယူနိုင်ရေး အသိပေးကြေညာချက်

COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် (၁၄) ရက်တာ အသွားအလာ ကန့်သတ်ခြင်း (သို့) တားမြစ်ခြင်းတို့ဆောင်ရွက်ရာတွင် သီးခြားခွဲခြားနေထိုင်ရခြင်းနှင့် ဆက်စပ်သောအကြောင်းများကြောင့် Quarantine အစီအစဉ်များတွင် ပါဝင်နေသူများ အနေဖြင့် စိတ်ဖိစီးမှုများ ခံစားရနိုင်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းကို ဆောင်ရွက်ပေး လျက်ရှိရာ နှစ်သိမ့်ဆွေးနွေးမှုခံယူလိုသူများအနေဖြင့် မိမိတို့ ကိုယ်တိုင် စိတ်ချယုံကြည်စွာ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းကို နေပြည်တော် ကောင်စီ ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အထူးလေ့ကျင့်ပေးထား သော လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် နံနက် (၀၉:၃၀) နာရီ မှ ညနေ (၁၆:၃၀) နာရီအထိ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ဤအစီအစဉ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု ဖြင့် ဆက်သွယ်ရေး အော်ပရေတာများဖြစ်ကြသော MPT, Mytel, Telenorနှင့် Ooredoo တို့က COVID-19 ကူးစက်ကပ်ရောဂါဘေး ရင်ဆိုင်နေရစဉ် ကာလအတွင်း အခမဲ့ ဝန်ဆောင်မှု ပေးမည်ဖြစ်ပါသည်။
နှစ်သိမ့်ဆွေးနွေးမှုခံယူသူများ၏ သတင်းအချက်အလက် မပေါက်ကြားရေးကို အထူး အလေးထား ကာကွယ်ပေးသွားမည်ဖြစ်ပြီး အခြားလူမှုရေးနည်းလမ်းဖြင့် ကူညီဆောင်ရွက် ပေးရန် လိုအပ်ပါက ဆက်လက်ညွှန်းပို့ ချိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီး များအလိုက် ဖော်ပြထားပါသည်။

FacebookTwitter