လူမှုကာကွယ်စောင့်ရှောက်ရေးခေါင်းစဉ်ဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၁.၈.၂၀၂၀
    မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်း အောင်မြင်စွာ ရေးဆွဲနိုင်ရေးအတွက် မဟာဗျူဟာ၏ လျာထား အခန်း(၆)ခန်းမှ အခန်း (၄) ဖြစ်သည့် လူမှု ကာကွယ်စောင့်ရှောက်ရေး အစည်းအဝေးအား ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မသန်စွမ်းအမျိုးသမီးနှင့် ကလေး သူငယ်များရေးရာဆပ်ကော်မတီ ဥက္ကဋ္ဌကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားပြီး ဆပ်ကော်မတီ အတွင်းရေးမှူးဖြစ်သည့် ညွှန်ကြားရေးမှူး (ထိခိုက်လွယ် အုပ်စုများဌာနခွဲ)က အစည်းအဝေးခေါ်ယူရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။
အစည်းအဝေးတွင် ဆပ်ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအကြံပြု ကြပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား ပါသည်။
 အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပြီး မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်များရေးရာ ဆပ်ကော်မတီဝင် များ၊ အခြားဆပ်ကော်မတီ (၈) ခုမှ ကိုယ်စား လှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် မသန်စွမ်းသူများ၏အခွင့် အရေးများ ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီဝင်များ၊  UNICEF (မြန်မာ)မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter