(၂၁) ကြိမ်မြောက် အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင် အစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ Virtual Conferencing ဖြင့် တက်ရောက်ဆွေးနွေးခြင်း

နေပြည်တော်၊ ၈.၁၂.၂၀၂၀
    မြန်မာနိုင်ငံမှ အာဆီယံ အမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ် မြန်မာ နိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ ဒေါ်မေယဉ်ထွန်းနှင့် အာဆီယံ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးတို့သည် (၈.၁၂.၂၀၂၀) ရက်နေ့၊ နေ့လယ် (၁:၃၀) မှ (၄:၃၀) ထိ virtually ကျင်းပပြုလုပ်သော (၂၁) ကြိမ်မြောက် အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင် အစည်းအဝေး (21st ACWC Meeting) သို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု လျော့နည်းပပျောက်ရေးလုပ်ငန်းစီမံချက် (RPA on EVAW) နှင့် အာဆီယံဒေသတွင်း ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုလျော့နည်းပပျောက်ရေး လုပ်ငန်းစီမံချက် (RPA on EVAC) ဆိုင်ရာ ဆောင်ရွက်ချက်များ၊ ACWC Work Plan (2016-2020) တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံချက်များ၊ ACWC Work Plan (2021-2025) တွင်ထည့်သွင်းဆောင်ရွက်သွားမည့် အဆိုပြုစီမံချက်များ၊ UNICEF အဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသော စီမံချက်များအကြောင်း ဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံမှ RPA on EVAW တွင် အကောင်အထည်ဖော်မှုများ၊ RPA on EVAC တွင် ဆောင်ရွက်နေမှုများနှင့် ACWC Work Plan (2021-2025) တွင် Project Proposals တင်သွင်းမှုများအား ဆွေးနွေးခဲ့ပါသည်။

FacebookTwitter