စစ်ကိုင်းတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေး

     စစ်ကိုင်းတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို (၂၉.၁၂.၂၀၂၁) ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးတွင် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော ကလေးသူငယ်အခွင့်အရေးကိစ္စများနှင့်ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါသည်။

       ထို့နောက်တက်ရောက်လာသော ကော်မတီဝင်များက မိမိတို့ဌာန/ အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်အရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter