ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုအဖွဲ့များ (Psycho Social care and Support Team) အား စွမ်းရည်မြှင့်သင်တန်း

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် သဘာဝဘေးဒဏ်ထိခိုက်ခံစားရသောဒေသများရှိ ပြည်သူများအား စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးမှု (Psycho Social care and Support)နှင့် နှစ်သိမ့်ဆွေးနွေးခြင်း (Social Counselling) များ ပြုလုပ်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးမှုအဖွဲ့များအား Disaster Counselling နှင့် ပတ်သက်သည့် စွမ်းရည်မြှင့် သင်တန်းကို (၁၇.၅.၂၀၂၃)ရက်နေ့၌  ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာဝင်းအတွင်းရှိ ICT Training Center တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
 

FacebookTwitter