ကယ်ဆယ်‌ရေးပစ္စည်း(၁၅)မျိုးအား ပြည်သူများထံ ထောက်ပံ့ရေး ထုပ်ပိုးပြင်ဆင်

၂၁.၅.၂၀၂၃ ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် စစ်တွေမြို့ သာသနာ့ဗိမ္ဗာန်ရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးသိုလှောင်ရုံ၌ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့မည့် ကယ်ဆယ်‌ရေးပစ္စည်း(၁၅)မျိုးအား ပြည်သူများထံ ထောက်ပံ့ရေးအတွက် ထုပ်ပိုးပြင်ဆင်ခြင်းအား ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter