အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) (မူကြမ်း)ရေးဆွဲရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများ ဆိုင်ရာလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ဇူလိုင်လ(၂၆)၊ နေပြည်တော်

       အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)(မူကြမ်း)ရေးဆွဲရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများဆိုင်ရာလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများဆိုင်ရာ လုပ်ငန်းကော်မတီဝင်(၂၀)ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

       အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) ရေးဆွဲရာတွင် အဓိကလုပ်ငန်းနယ်ပယ်တစ်ရပ်ဖြစ်သော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများကဏ္ဍနှင့်ပတ်သက်ပြီး ပထမဆုံးခေါ်ယူသည့် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) NSPAW Phase II ကိုရေးဆွဲနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဌ အဖြစ်ပါဝင်သည့် ဦးဆောင်ကော်မတီ(၁)ခုနှင့် ညွှန်ကြားရေးမှူးချုပ်များက ဥက္ကဌ ဖြစ်ပါဝင်သည့် လုပ်ငန်းကော်မတီ(၁၂)ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့်ဖွဲ့စည်းခဲ့ပါကြောင်း၊ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ပါ ဦးစားပေးနယ်ပယ် (၁၂)ရပ်အနက်မှ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး” နှင့် “အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းယန္တရား”  ကဏ္ဍ(၂)ရပ်ကို လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ရေးဆွဲရန် တာဝန်ယူထားပါကြောင်း၊ “အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေကဏ္ဍ”ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက တာဝန်ယူရေးဆွဲနေပါကြောင်း၊ အလားတူ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းကော်မတီဝင်များ အားလုံးကလုပ်ငန်း အစီအစဉ်များကို တာဝန်ယူရေးဆွဲ ဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများ (ပထမမူကြမ်း) နှင့်ပတ်သက်ပြီး လုပ်ငန်းအကောင်အထည်ဖော်မှုနှင့် ညွှန်ကိန်းများတွင် ကြုံတွေ့ရနိုင်ဖွယ်ရှိသောအခက်အခဲများကိုလည်း တင်ပြဆွေးနွေးပေးစေလိုပါကြောင်း၊ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များ အနေဖြင့် NSPAW Phase II ရေးဆွဲနိုင်ရန် လိုအပ်သည့်အချက်အလက်များကို အကြံပြုဆွေးနွေးပေးကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် NSPAW Phase II အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များတွင်လည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပေးကြရန် ပြောကြားခဲ့ပါသည်။

       အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက  အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ မူဘောင်(မူကြမ်း)  ရေးဆွဲထားမှုအပေါ် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့ကြကာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးအား နေ့လယ်(၁၃:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter