ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး သင်တန်းဖွင့်ပွဲ (မွန်ပြည်နယ်)

    မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ မွန်ပြည်နယ်အတွင်းရှိ ကလေးပြုစုရေးဌာန၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ဆရာမများအား ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းကို (၂၉-၈-၂၀၂၃) ရက်နေ့မှ (၃၀-၈-၂၀၂၃) ရက်နေ့ထိ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၌ သင်တန်းသား (၂၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
          အဆိုပါ သင်တန်းတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအရေးကြီးပုံ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉) ပြဋ္ဌာန်းထားမှုများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်လက်မှတ်ရေးထိုးထားမှုနှင့် နိုင်ငံတော်မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်ချက်များကို (၂၉-၈-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန် သင်တန်းဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် အကျဉ်းချုပ်ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် (၀၉:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းကို မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ နည်းပြများက လူမှုဝန်ထမ်းလုပ်ငန်းကြီး(၇)ရပ်၊ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)၊ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်၊ ကလေးသူငယ်ကြီးကြပ်သူ၏ တာဝန်ဝတ္တရားများကို (၂) ရက်တာပို့ချပေးခဲ့ကြပါသည်။
 

FacebookTwitter