“မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ လက်ခံစောင့်ရှောက်ထားမှု အခြေအနေဆိုင်ရာ ကနဦးသုတေသန” ရှင်းလင်းတင်ပြခြင်း

         လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်မည့် “မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပြန်ထားသော ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ လက်ခံစောင့်ရှောက်ထားမှု အခြေအနေဆိုင်ရာ ကနဦးသုတေသန” ကို ရှင်းလင်းတင်ပြခြင်း အစည်းအဝေးအား ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ 
      ရှေးဦးစွာ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ရပ်ရွာအတွင်း ပုံသဏ္ဍာန်အမျိုးမျိုး၊ နောက်ခံခြေအနေအမျိုးမျိုးနှင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြသည့် ကလေးသူငယ်များအား လက်ခံစောင့်ရှောက်ထားရှိသည့် ပရဟိတဂေဟာများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပြန်ထားသော ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ လက်ခံစောင့်ရှောက်ထားမှုအခြေအနေ လေ့လာဆန်းစစ်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ (၁၀) ခုတွင် ကနဦးသုတေသန ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းနိုင်ရေး ပြင်ဆင်ထားရှိမှု၊ သုတေသနဆောင်ရွက်ရခြင်း၏ နောက်ခံအကြောင်းအရာ၊ ရည်ရွယ်ချက်၊  စုဖွဲ့ဆောင်ရွက်ခြင်း၊ ဆောင်ရွက်မည့်နည်းလမ်း၊ အချက်အလက်ကောက်ယူခြင်းနှင့် မေးခွန်းမေးမြန်းခြင်း တိုင်းတာမည့်ညွှန်းကိန်းများ၊ ဆောင်ရွက်မည့်အချိန်ကာလ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍တင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးမှ အချက်အလက်ကောက်ယူမည့် မေးမြန်းမေးခွန်းများနှင့်ပတ်သက်၍ အကြံပြုချက်များ လမ်းညွှန်မှာကြားပါကြောင်း၊ ကနဦးသုတေသန တွေ့ရှိချက်ရလဒ်များအပေါ်မူတည်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနမှ ပရဟိတဂေဟာများကိုထိန်းကျောင်း၊ တည့်မတ်၊ ကြီးကြပ်ဆောင်ရွက်ရာတွင် လက်တွေ့အသုံးချနိုင်သည်အထိ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့ဌာနတွင် ဖွင့်လှစ်ထားသောကျောင်းများကိုလည်း စံသတ်မှတ်ချက်များနှင့် ပြည့်မီစေရေး အမြဲသုံးသပ်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း၊ ကနဦးတွေ့ရှိချက်အပေါ်မူတည်၍ ကျယ်ကျယ်ပြန့်ပြန့် ထပ်ဆင့်လေ့လာမှုများကို ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ 

FacebookTwitter