မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊အစည်းအဝေးခန်းမ၌ ၂၀၂၃ - ၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားကျင်းပပြုလုပ်မှုမှတ်တမ်း

     မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ မော်လမြိုင်ခရိုင်နှင့် ရေးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးထားသည့် ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် လူငယ်ရိပ်သာများအတွက် ၂၀၂၃ -၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက လူမှုဝန်ထမ်းဦးစီးဌာနက စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီး၊ ၂၀၂၃- ၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွက် မော်လမြိုင်ခရိုင်နှင့် ရေးခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာ (၃) ခု၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာ (၁) ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၂၇) ကျောင်း၊ လူငယ်ရိပ်သာ (၂) ခုတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်းကျပ် ၃၇.၈၁၇ သန်းအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် တောင်ဝိုင်းဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဦးမျိုးအောင်က ကျေးဇူးတင်စကားပြောကြားပြီး  အခမ်းအနားကို မွန်းလွဲ (၁၃:၃၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။

 

 

 

FacebookTwitter