လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မူလတန်းကြိုကျောင်း၊ ဘိုးဘွားရိပ်သာနှင့် မျက်မမြင်ကျောင်းတို့သို့ ကြည့်ရှုစစ်ဆေးခြင်း

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် (၂.၁၀.၂၀၂၃) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ခရိုင်လူမှုဝန်ထမ်းရုံးနှင့် မူလတန်းကြိုကျောင်းသို့သွားရောက်ပြီး ကလေးငယ်များကို ပြုစုပျိုးထောင်ပေးနေမှုအား ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မူကြိုအရွယ်ကလေးသူငယ်များသည် အနာဂတ်၏ အဖိုးတန်ရတနာများဖြစ်သဖြင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းလမ်းများနှင့်အညီ စနစ်တကျပြုစုစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားကာ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ စေတနာထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာနက တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးထားသော ချယ်ရီမြေဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီး တွေ့ဆုံဂါရဝပြုခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ ဘိုးဘွားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြင်ဦးလွင်မြို့ ပရဟိတမျက်မမြင်ဘက်စုံပညာသင်ကျောင်းသို့ သွားရောက်၍ ဆရာတော်ဦးဉေယျကို ဖူးမြော်ကန်တော့ကာအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter