သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်သင်တန်း Level-1 သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Tdh-L တို့ပူးပေါင်း၍ “သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်သင်တန်း Level-1” ကို (၁၄.၁၂.၂၀၂၃) ရက်နေ့မှ (၁၅.၁၂.၂၀၂၃) ရက်နေ့အထိ နေပြည်တော်၊ Hotel Max တွင် ဖွင့်လှစ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနရှိ ကလေးပြုစုရေး (၇) ခုနှင့် လူငယ်နှင့်အမျိုးသမီးသင်တန်းကျောင်း (၁၆) ကျောင်းတို့မှ သင်တန်းသား/သူ (၄၀)ဦးတက်ရောက်ခဲ့ပါသည်။ 
အဆိုပါသင်တန်းတွင် 
-    သင်တန်းကျောင်းသဘောသဘာဝနှင့်လူမှုဝန်ထမ်းသမားများ၏အခန်းကဏ္ဍ၊
-    Adolescence Psychology
-    Social Work Ethics  
-    ကလေးများ၏ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် ပြုစုစောင့်ရှောက်သူများ၏ အခန်းကဏ္ဍ
-    Counselling 
-    ဝန်ထမ်းစည်းမျဉ်းနှင့် ဘဏ္ဍာရေးစည်းမျဉ်း 
-    သင်တန်းကျောင်းများတွင် ကျား၊ မ ရေးရာအခန်းကဏ္ဍ၊ 
-    လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် CMIS
-    ဂေဟာသင်တန်းကျောင်းများတွင် ပြုစုစောင့်ရှောက်သူများ၏ အခြေခံလိုက်နာရမည့် စံချိန်စံညွှန်းများ
-    သင်တန်းကျောင်းဆိုင်ရာလက်စွဲ
-    ခေါင်းဆောင်မှုဘာသာရပ်(Leadership) 
စသည့်ဘာသာရပ်များအား သင်ကြားပို့ချခဲ့ပါသည်။
    (၁၅.၁၂.၂၀၂၃) ရက်နေ့၊ ညနေပိုင်းတွင် သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ခေါင်းဆောင်မှုဘာသာရပ် (Leadership)ကို သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter