တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်တွင် လူမှုဝန်ထမ်းလုပ်ငန်းများအကြောင်း အသိပညာပေးဟောပြောခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို (၂၄.၁.၂၀၂၄) ရက်နေ့တွင် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အုန်းချောကျေးရွာ၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေသည့် ကလေးသူငယ်များ၏အခွင့်အရေး၊ အမျိုးသမီးများ၏အခွင့်အရေး၊ မသန်စွမ်းသူများ၏အခွင့်အရေး၊ လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်နှင့် လူမှုရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပါသည်။

FacebookTwitter