၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း (ရန်ကုန်တိုင်းဒေသကြီး)

     ၂၀၂၄ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ (၈.၃.၂၀၂၄) ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီ၊ ခရိုင်(၁၄)ခရိုင်၊   မြို့နယ်(၄၄)မြို့နယ်မှ အမျိုးသမီးကော်မတီဥက္ကဌများနှင့်ဇနီးများ၊ အမျိုးသမီးပါမောက္ခ၊ ကျောင်းအုပ်ကြီးများ၊ ထူးချွန်အမျိုးသမီး အားကစားသမားများ၊   အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြို အဆင့်မြင့်ပညာအဆင့်  ကျပန်းစကားပြောပြိုင်ပွဲ၊ ရေဆေးပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရကျောင်းသူများနှင့် အုပ်ထိန်းသူများ စုစုပေါင်း(၄၅၅)ဦး တက်ရောက်ခဲ့ကြပါသည်။
   အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊  ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား Video Clip ပြသခြင်း၊  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှု Video Clip နှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ လှုပ်ရှားဆောင်ရွက်မှု Video Clip ပြသခြင်း၊ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသူလေးများမှ လည်းကောင်း၊ သူနာပြုတက္ကုသိုလ်မှ ကျောင်းသူလေးများက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ ဆပ်ကော်မတီမှ သမီးငယ်လေးများကလည်းကောင်း၊ မြန်မာ့သိုင်းအဖွဲ့ချုပ်မှ   သမီးပျိုလေးများကလည်းကောင်း၊ အမှတ်(၁)မူလတန်းကြိုကျောင်းမှ  ရင်သွေးငယ်များကလည်းကောင်း ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပါသည်။ 
        ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အကြို အဆင့်မြင့်ပညာအဆင့်  ကျပန်းစကားပြောပြိုင်ပွဲ၊ ရေဆေးပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ယခုဆောင်ပုဒ်ဖြစ်သည့် “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး” “Invest in Women: Accelerate Progress” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိခဲ့သော ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူ ထူးချွန်အမျိုးသမီးများအား လည်းကောင်း၊ ဖျော်ဖြေရေး အစီအစဉ်တွင် ပါဝင်သည့် အဖွဲ့များအားလည်းကောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တက်ရောက်လာကြတဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ပါသည်။
         ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက် လာကြသူများသည် ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား  ဓါတ်ပုံပြခန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကျောင်းများမှ ထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး အခမ်းအနားကို နံနက်(၁၁:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ 
 

FacebookTwitter