Gender, CEDAW, NSPAW ဆိုင်ရာအသိပညာပေးသင်တန်း

လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် “Gender, CEDAW, NSPAW ဆိုင်ရာ အသိပညာပေးသင်တန်း” ကို (၂၂.၃.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၌ ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ၊ တိုင်းရင်းသားအဖွဲ့အစည်းများမှ သင်တန်းသား/သူများစုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာသော သင်တန်းနည်းပြများ၊ သင်တန်းသား/သူများမှ မိတ်ဆက်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေခြည်သက်နိုင်မှ Gender Concept, CEDAW,NSPAW အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝါမှ Gender Base  Violence, One Stop Women Support Center (OSWSC) အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
 

FacebookTwitter