လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် INGOs (၁၀)ဖွဲ့တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနား

နေပြည်တော်၊ ၂၀၁၂ ဇူလိုင်လ(၉) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် INGOs (၁၀)ဖွဲ့တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနား နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ INGOs (၁၀)ဖွဲ့တို့သည် ၉.၇.၂၀၁၂ရက်နေ့တွင် နေပြည်တော် ဟိုတယ်ဇုံရှိသင်္ဂဟဟိုတယ်တွင် နားလည်မှုစာချွန်လွှာMoUလက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခဲ့ပါသည်။

      အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီးဦးဘုန်းဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

      ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်နှင့် နိုင်ငံတကာ(Good Neighbours International, Terre des homes(Tdh-Italia), Action Aid, Japan Heart, Caritas Thailand, Global Vision, Plan International, the Leprosy Mission International, Latte-Day Saint Charities and Marie Stopes International INGOs (၁၀)ဖွဲ့မှ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြ၍ INGOs (၁၀)ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

      လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာMoUလက်မှတ်ရေးထိုးသည့် (၁၀)ဖွဲ့မှာ(Good Neighbours International, Terre des homes(Tdh-Italia), Action Aid, Japan Heart, Caritas Thailand, Global Vision, Plan International, the Leprosy Mission International, Latte-Day Saint Charities and Marie Stopes International INGOs အဖွဲ့များဖြစ်ကြပါသည်။

      အဆိုပါ အဖွဲ့များမှ ကလေးသူငယ်စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများအား လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။

      လူမှုဝန်ထမ်းဦးစီးဌာနသည် S.C, W.V,HAI တို့နှင့်MoUလက်မှတ်ရေးထိုးဆောင်ရွက်နေပြီးဖြစ်ပါသည်။လက်ရှိ INGOs (၃)ဖွဲ့တို့သည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လက်တွဲ၍ လူမှုရေးအကူအညီလိုအပ်နေသူများအား ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

      ၎င်းအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ INGOs များမှ တာဝန်ရှိပုဂ္ဂိုလ်များ အထူးဧည့်သည်များတက်ရောက်ကြ ပါသည်။

FacebookTwitter