လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သတ္တမအကြိမ်မြောက် ဝန်ကြီးဌာနမိသားစုဝါဆိုသင်္ကန်းကပ်လှူ

နေပြည်တော်၊ သြဂုတ် ၁၀.၈.၂၀၁၂ -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၏ သတ္တမအကြိမ် မြောက် ဝန်ကြီးဌာန မိသားစု ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။

    အခမ်းအနားသို့ နေပြည်တော် ပျဉ်းမနားမြို့ လေသာကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒ န္တနန္ဒိယ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက် တာ်မူကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစု ဝင်များတက်ရောက် ကြသည်။ အခမ်းအနားတွင် တက်ရောက်လာသူများက ပျဉ်မနားမြို့ လေသာကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒ န္တနန္ဒိယထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။

    ထို့နောက် ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြသည်။ ယင်းနောက် ဆရာတော် သံဃာတော်များထံ ပြည်ထောင်စု ဝန်ကြီးကိုယ်စား ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဇနီးများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြ သည်။

    ဆက်လက်၍ နေပြည်တော် ပျဉ်းမနားမြို့ ကိုးခန်းကြီးကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒ န္တအာစိဏ္ဏထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှဝေခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter