နေပြည်တော်ကောင်စီနယ်မြေကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပွဲ

နေပြည်တော်၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၃)ရက် -

          နေပြည်တော် ကောင်စီရုံးတွင် နေပြည်တော် ကောင်စီနယ်မြေ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ဆောင်ရွက်ရေး ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော် ကောင်စီဝင် ဦးသန်းဌေးမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝန်ကြီးဌာန အသီးသီးက ကဏ္ဍအလိုက် ဒေသအလိုက် ရေတိုရေရှည် လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်များ ချမှတ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အောက်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနရဲ့ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သင့်သည့် အချက်များကို ဆွေးနွေးဖော်ထုတ် ရမည့်ဒေသအဆင့် ဆွေးနွေးပွဲ ဖြစ်ပါသည်။

          လူမှုဝန်ထမ်း ဦးစီးဌာန၏ လုပ်ငန်းထဲမှာ လူမှုရေး လုပ်ငန်းတွေ နယ်ပယ်အသီးသီးမှာ စေတနာ အပြည့်နဲ့ ဆောင်ရွက်နေသည့် ဌာနဖြစ်ပါတယ်။ တနည်းအားဖြင့် စေတနာဝန်ထမ်း ဆောင်ရွက်ချက် ဖြစ်ပါသည်။ အကျဉ်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လေ့လာဆန်းစစ်ခြင်း နှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း အစီအစဉ်အလိုက် ကဏ္ဍ(၅)ခု ပါရှိပြီး ရှေးဦးကလေး သူငယ်ဖွံ့ဖြိုးမှု၊ ပြုစုပျိုးထောင်ရေး နှင့်ကလေးသူငယ် ကာကွယ်စောင့်ရှောက်ခြင်း ကဏ္ဍ၊ အမျိုးသမီး စောင့်ရှောက်ရေးကဏ္ဍ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးကဏ္ဍ၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး ကဏ္ဍ၊ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး ကဏ္ဍများနှင့် ပက်သတ်ပြီး အဖွင့်အမှာ စကားပြောကြားခဲ့သည် ဟုသတင်းရရှိပါသည်။

         ထို့နောက် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ဆွေးနွေးပွဲ ကျင်းပရသည့် ဦးတည် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။  အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် နေပြည်တော် အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီ၊ TLMI, Actionaid, TDHL, HAI အဖွဲ့အစည်းများ တက်ရောက်ခဲ့ပါသည်။

         ယင်း ဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီ၊ နေပြည်တော် ကောင်စီဝင် ဦးသန်းဌေးမှ ရပ်ရွာအခြေပြု လုပ်ငန်းအစီအစဉ်များ နှင့်ပက်သတ်၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်းတွင် မိခင်ဝိုင်းများ တစ်မြို့နယ်(၂၀)ဝိုင်း တိုးချဲ့ဖွင့်လှစ်ပေးရန်၊ မိသားစု ဝင်ငွေတိုး လုပ်ငန်းများနှင့် ပံ့ပိုးမှုလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မူလတန်းကြို ကျောင်းများ တစ်မြို့နယ်တွင် (၁)ကျောင်းတိုးချဲ့ဖွင့်လှစ် ပေးရန်၊ အသက်မွေးဝမ်းကျောင်း ပညာသင်ဂေဟာများ ဖွင့်လှစ်ပေးရန်၊ သက်ကြီးသူများ ကူညီစောင့်ရှောက်ရေး အဖွဲ့ဖွဲ့စည်းပေးရန်နှင့် မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်းများ များစွာရရှိစေရေး ဆောင်ရွက်ပေးရန် စသည်ဖြင့် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး အကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter