အမျိုးသားအဆင့်လုပ်ငန်းကဏ္ဍ ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာ (၂၇) -

    စက်တင်ဘာလ (၂၆)ရက်နေ့ မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ အမျိုးသားအဆင့် လုပ်ငန်း ကဏ္ဍဆွေးနွေးပွဲ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများတွင် တစ်ခု အပါအဝင် ဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ကလေးသူငယ် စောင့်ရှောက်ရေး၊ ကလေးနှင့် လူငယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများ စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုကရုဏာ စောင့်ရှောက်ရေး ဆိုတဲ့ လုပ်ငန်းစဉ် (၈)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မျက်မှောက်ခေတ်ကာလတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုပြီး အလေးထားဆောင်ရွက် ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

FacebookTwitter