ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Bronte Moules နှင့် အဖွဲ့အား တွေ့ဆုံ

နေပြည်တော်၊ ဧပြီလ(၃)ရက် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် ဒုတိယ ဝန်ကြီး၊ တာဝန်ရှိသူများနှင့် အတူ ဧပြီလ (၃)ရက်နေ့ နံနက် (၁၁း၃၀) နာရီအချိန်တွင် ပြည်ထောင်စု ဝန်ကြီးရုံး၊ နေပြည်တော်၊ မေခလာ ခန်းမ၌ မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Bronte Moules နှင့် အဖွဲ့အား တွေ့ဆုံပြီး၊ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆောင်ရွက်နေမှုများ၊ အမျိုးသမီး ကဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများ ဆွေးနွေးခဲ့ပြီး နည်းပညာနှင့် အထောက်အပံ့များ ရရှိနိုင်မည့် အခွင့်အလမ်းများ၊ လူ့စွမ်းအား အမြစ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ထောက်ပံ့ပေးနိုင်မှုများ၊ မြန်မာနိုင်ငံနှင့် သြစတေးလျ နိုင်ငံကြား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter