ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် အား Thailand Culinary Academy မှ Founder Chairmen, Mr. Willment Leong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဧပြီလ(၁)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်  အား Thailand Culinary Academy  မှ Founder Chairmen, Mr. Willment Leong ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် (၁၀း၀၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး၊ မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

    ယင်းသို့တွေ့ဆုံရာ၌ အမျိုးသမီးများနှင့် လူငယ်များအတွက် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ အချက်အပြုတ် နည်းပညာ လုပ်ငန်းခွင် သင်တန်းများ၊ အစောင့်အရှောက်ခံ ကလေးသူငယ်များ၊ ဘိုးဘွားများနှင့် မသန်စွမ်းသူများ အတွက် လူမှု ကရုဏာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ပါကြောင်း သင်တင်းရရှိပါသည်။

FacebookTwitter