ရန်ကုန်တိုင်း ဒေသကြီး၊ အနောက်ပိုင်းခရိုင် အတွင်းရှိ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အမှာစကားပြောကြား

ရန်ကုန် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီး၊ အနောက်ပိုင်းခရိုင် အတွင်းရှိ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၀၈း၀၀) နာရီတွင် အလုံမြို့နယ် အမှတ်(၄) အခြေခံ ပညာ အထက်တန်းကျောင်း သီရိ ရတနာ ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် က " ယနေ့ အချိန်ထိ တစ်နိုင်ငံလုံးမှာ ဝန်ကြီးဌာနမှ အသိအမှတ်ပြု ထားပြီးသော စေတနာ့ ဝန်ထမ်း အဖွဲ့အစည်း စုစုပေါင်း (၁၁၈၄) တို့အား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ွင် မနှစ်ကထက် ၃ ဒသမ ၁၃ ဆ တိုးမြှင့်ပြီး စုစုပေါင်း ကျပ်သန်းပေါင်း ၁၇၁၆ ဒသမ ၆ သန်း တိုးမြှင့် ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ထောက်ပံ့ငွေ များသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို အနောက်ပိုင်းခရိုင်အတွင်း ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေပါကြောင်း၊ ကြီးကြပ်မှု ကော်မတီများ အနေဖြင့် မိမိတို့ရဲ့ ဂေဟာ/ကျောင်းဌာန အစဉ်တိုးတက် စေရန် ရရှိငွေများကို ဘဏ်မှာ အပ်ထားပြီး အတိုးအရင်းများကို မျှတစွာ သုံးစွဲသွားရမည် ဖြစ်ကြောင်း" အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက နှင်းဆီကုန်း ဘုးိဘွားရိပ်သာ အတွက် သိန်း (၆၀)၊ အမျိုးသမီးများ ဖွံ့ဖြိုးရေး ဂေဟာအတွက် ၆၂ သိန်း၊ ကုက္ကိုင်း ပရဟိတ ဂေဟာအတွက် ၂၄ ဒသမ ၇၇ သိန်း၊ ခရစ်ယာန် မျက်မမြင်များ ဂေဟာအတွက် ၁၀၃ ဒသမ ၆၁ သိန်း၊ မေရီချပ်မင်း နားမကြားသော ကလေးများကျောင်း အတွက် ၁၁၇ ဒသမ ၄၈ သိန်း တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက မေတ္တာဝါဒီ လူငယ်ပရဟိတ ဂေဟာတွက် ၂၂၄ ဒသမ ၃၈ သိန်း၊ နန်းဦး လူငယ်ပရဟိတ ဂေဟာအတွက် ၉၆ ဒသမ ၇၈ သိန်း၊ ရတနာ့ ဗိမာန် လူငယ်ပရဟိတ ဂေဟာအတွက် ၆၆ ဒသမ ၄၃ သိန်း၊ မြတ်မေတ္တာ လူငယ်ပရဟိတ ဂေဟာအတွက် ၁၀ ဒသမ ၅ သိန်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ရှစ်ကျောင်းအတွက် တစ်ကျောင်လျှင် ခြောက်သိန်းကျပ်စီ ကိုလည်းကောင်း၊ တာဝန်ရှိသူများထံ ပေးအပ်ထောက်ပံ့ ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter