မိုးရာသီသစ်ပင်စိုက်ပိုျးပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဇွန်(၂၅) -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏၂၀၁၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပိုျးပွဲ အခမ်းအနားကို ယနေ့ နံနက်(၈း၀၀)နာရီအချိန်တွင် အဆိုပါရုံး၌  ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့် ညွှန်ကြားရေးမှူးခုျပ်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၂၅၀)ဦး သတ်မှတ်နေရာများ၌ သစ်ပင်များစိုက်ပျိုးကြပါသည်။

    ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရတနာတန်းဝင်ကျွန်းပင်အား ဦးဆောင်စိုက်ပိုျးပေးကာ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်အပင်များနှင့် အရိပ်ရ လေကာပင်များကိုစိုက်ပိုျးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှု့ အားပေးကြသည်။

    ယနေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးသည့်သစ်ပင်များမှာ ကျွန်း၊ ပျဉ်းကတိုး၊ စိန်ပန်း၊ ကံ့ကော်၊ ပိတောက်၊ ခရေ၊ ငုဝါနှင့် မန်ကျည်းပင် စုစုပေါင်း အပင် (၅၀၀) စိုက်ပျိုးခဲ့ကြောင်းသိရသည်။

FacebookTwitter