ပြည်ထောင်စုဝန်ကြီးဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် နေ့ပိုင်းစောင့်ရှောက်မှုဂေဟာ အမြန်ဆုံးဖွင့်လှစ်နိုင်ရန် ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင်လ(၁၉) ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုံးခင် သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ သက်ကြီးရွယ်အိုများအတွက် နေ့ပိုင်းစောင့်ရှောက်မှုဌာန (Day Care Center for the Aged) သို့ ရောက်ရှိပြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရန်  ပြင်ဆင်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

FacebookTwitter