ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် ကျိုက်လတ်မြို့နယ် အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်များ အတွက် မတည်ချေးငွေများ ရှင်းလင်းပွဲသို့တက်ရောက်

နေပြည်တော်၊ ဇူလိုင်(၂၀)ရက် -

          နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့သို့ သွားရောက်ပြီး မြို့လယ် သံတန်ဆောင်းကြီး၊ ရွှေဘုန်းမြင့်စေတော်၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘုရားနေကဇာ တင်ခြင်းနှင့် ရေစက်ချ အခမ်းအနားသို့ တက်ရောက်ပြီး ဦးအောင်ဇော်မြင့် + ပြည်ထောင်စု ဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင် မိသားစုမှ သံဃာတော် အရှင်သူမြတ်များအား ဝတ္ထုငွေ(၁)သိန်း  (၅)သောင်း ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့သို့ ရောက်ရှိပြီး သဒ္ဓမရံသီ ဓမ္မဗိမာန် တော်ကြီး၌ ကျင်းပသည့် ကျိုက်လတ်မြို့နယ် အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးှနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်များအတွက် မတည်ချေးငွေများ ရှင်းလင်းပွဲသို့ တက်ရောက်ပြီး အရင်းမပျောက်၊ မတည်ချေးငွေများကို မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားပါသည်။

        ထို့နောက် နားလည်မှုစာချွန် ရေးထိုးဆောင်ရွက် လျက်ရှိသည့် Help Age International မှ ကလပ်ကျေးရွာတွင် ဆောင်ရွက်နေသော သက်ကြီးရွယ်အိုအချင်းချင်း ကူညီ စောင့်ရှောက်ရေး အဖွဲ့များ၏ အသေးစား ချေးငွေလုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။

FacebookTwitter