လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အဌမအကြိမ်မြောက် ဝန်ကြီးဌာန မိသားစု ဝါဆိုသင်္ကန်းကပ်လှူ

နေပြည်တော်၊ ဇူလိုင်လ(၁၈)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အဌမအကြိမ်မြောက် ဝန်ကြီးဌာန မိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

    အခမ်းအနားသို့ နေပြည်တော် ပျဉ်းမနားမြို့ တံခွန်တိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တဝါယမ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက်ကြသည်။

    အခမ်းအနားတွင် တက်ရောက်လာသူများက ပျဉ်းမနားမြို့ တံခွန်တိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တဝါယမထံမှ (၅)ပါးသီလ ခံယူဆောက်တည်ကြသည်။

    ထို့နောက် ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယတော်မူသည့် မေတ္တာသုတ် ပရိတ်တရား တော်များကို နာယူကြသည်။

    ယင်းနောက် ဆရာတော် သံဃာတော်များထံ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

    ဆက်လက်၍ နေပြည်တော် ပျဉ်းမနားမြို့ ကိုးခန်းကြီးကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏထံမှ အနုမောဒနာ တရား နာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter