ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင်လ(၂၈)ရက် -

       နံနက် (၁၁း၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေး နှစ်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။

       ဆက်လက်ပြီး အစီအစဉ်အရ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးသိန်းအောင်မှ အမှာစကား ပြောကြားပါသည်။

       ထို့နောက် ပုသိမ်မြို့စက်တော်ရာ ဘိုးဘွားရိပ်သာ အတွက်(၃၁.၃၄)သိန်း၊ မအူပင်မြို့ ဘိုးဘွားရိပ်သာ အတွက်(၆.၉)သိန်း၊ မြောင်းမြမြို့ ဘိုးဘွားရိပ်သာ အတွက်(၃၂.၈)သိန်း၊ အိမ်မဲမြို့ ရွှေအိမ်ဘိုးဘွားရိပ်သာ အတွက်(၆.၆)သိန်း၊ ဝါးခယ်မမြို့ ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာအတွက်(၆)သိန်းနှင့် မာသာထရီဇာ ဘိုးဘွားရိပ်သာအတွက်(၃.၉)သိန်း၊ ပုသိမ်မြို့ ကန်သုံးဆင့် လူငယ်ပရဟိတ ဂေဟာအတွက်(၇၁.၅၇)သိန်း၊ ငပုတောမြို့ ရွှေကျောင်းတိုက် လူငယ် ပရဟိတ ဂေဟာအတွက်(၅၈.၄၃)သိန်း၊ ဝါးခယ်မမြို့ လူငယ်ပရဟိတ ဂေဟာအတွက် (၄၅.၉၄)သိန်း၊ မြောင်းမြမြို့ လူငယ်ပရဟိတ ဂေဟာအတွက်(၃၆.၄၅)သိန်း၊ အိမ်မဲမြို့ အောင်သိပ္ပံ လူငယ်ပရဟိတဂေဟာ အတွက်(၅၀.၃၂)သိန်း၊ လပွတ္တာမြို့ ဘီတွတ် လူငယ်ပရဟိတဂေဟာ အတွက်(၃၂.၈)သိန်း၊ ဇလွန်မြို့ သပြုကွင်း လူငယ်ပရဟိတဂေဟာ အတွက်(၄၈.၈၆)သိန်း၊ ကြံခင်းမြို့ မြောက်ချောကုန်း လူငယ်ပရဟိတ ဂေဟာအတွက်(၅၉.၀၈)သိန်း၊ မြန်အောင်မြို့ မြို့ရွှေကျောင်း လူငယ်ပရဟိတ ဂေဟာအတွက်(၈၈.၇၈)သိန်းနှင့် စေတနာမူလတန်း ညကျောင်းအတွက် (၃.၀၄)သိန်း၊  လေးမျက်နှာမြို့ ဒက္ခိဏာရုံ လူငယ်ပရဟိတ ဂေဟာအတွက်(၅၇.၇)သိန်း၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပွတ္တာခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၃၈)ကျောင်းအတွက် (၂၂၈)သိန်း စုစုပေါင်း ကျပ်သိန်းပေါင်း (၈၆၈.၅၁) သိန်း တာဝန်ရှိသူများထံ ပေးအပ် ထောက်ပံ့ခဲ့ပါသည်။

       ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်တော်ရာဘိုးဘွားရိပ်သာသို့ ုသွားးရောက်ပြီး ဘိုးဘွားများအတွက် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပါသည်။ ထို့နောက် လူမှုဝန်ထမ်း တိုင်းဦးစီးမှူးရုံးနှင့်  မူကြိုကျောင်းအား ကြည့်ရှုစစ်ဆေးပါသည်။

       ဆက်လက်ပြီး  အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းအား စစ်ဆေးပါသည်။  ထိုမှတဆင့် ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဦးစီးမှုးရုံး နှင့် ကယ်ဆယ်ေ‌ရး ဂိုဒေါင်တို့အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား 
ခဲ့ပါသည်။

       ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း နှင့်ပါရမီလမ်း ထောင့်ရှိ သက်ကြီးသူများအတွက် နေ့ပိုင်းစောင့်ရှောက်မှု ဌာန (Day Care Centre for Aged) အား အမြန်ဆုံးဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေမှုများအား ကြည်‌့ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter