ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လေ့လာစောင့်ကြည့်ရေး ဆိုင်ရာရုံးမှ Ambassador Luis Cdebaca ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ

နေပြည်တော်၊ သြဂုတ်လ(၈) -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လေ့လာစောင့်ကြည့်ရေး ဆိုင်ရာရုံးမှ Ambassador Luis Cdebaca ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့ နံနက် ၁၀း၀၀ နာရီတွင် အဆိုပါ ဝန်ကြီးရုံးမှ မေခလာခန်းမ၌ တွေ့ဆုံ၍ လူကုန်ကူးမှု ခံရခြင်းကြောင့် ပြည်ပတွင် လူမှုဒုက္ခ ကြုံတွေ့နေရသူများအား ကူညီစောင့်ရှောက် ပေးခြင်း၊ ပြန်လည်ပို့အပ်သူ များကိုလည်း ယာယီစောင့်ရှောက်ရေး ဂေဟာနှင့် အမြန်ဆုံး မိဘရပ်ထံ ပြန်လည်အပ်နှံပေးခြင်း၊ လိုအပ်ပါက ထိန်းသိမ်း စောင့်ရှောက်ပေးခြင်းနှင့် သက်မွေးသင်တန်း ကျောင်းများတွင် ပညာသင်ကြား ပေးခြင်းနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်း ကာကွယ်ရေး လုပ်ငန်းစီမံချက် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter