လူမှုရေးပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရေးဆွေးနွေး

      လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်အား အစ္စရေး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်ဆီမှ Director of Training Department Mr. Mattanya Cohen နှင့် အစ္စရေးသံအမတ်ကြီး H.E Mr. Hagay Moshe Behar တို့သည် ယမန်နေ့ နံနက်၁၁နာရီတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အစ္စရေး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်ဆီ(IAIC)တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ၊ နည်းပညာဖလှယ်နိုင်မည့် အခွင့်အလမ်းများ၊ ဦးစားပေးဆောင်ရွက်မည့် အစီအစဉ်များ၊ လူမှုရေးပညာရပ်ဆိုင်ရာတက္ကသိုလ်ဖွင့်လှစ်နိုင်ရေးအတွက် နည်းပညာပံ့ပိုးမည့် အစီအစဉ်များနှင့် အစ္စရေးနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများစေလွှတ်၍ သင်တန်းဖွင့်လှစ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

FacebookTwitter