ကလေးသူငယ် အဓိက အခွင့်အရေးများ အပြည့်အဝရရှိခံစားစေရန် ဖော်ဆောင်လျက်

နေပြည်တော်၊ ဇန်နဝါရီ (၂၁)ရက် -

      မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုုပ် (United Nations Convention on the Right of the Child)အဖ့ွဲဝင်နိုင်ငံဖြစ်သည့် အားလျှော်စွာကလေး သူငယ်များအတွက် အဓိကအခွင့်အရေး (၄) ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာအကွယ်ရရှိခွင့် နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့ကို အပြည့်အ၀ ခံစားနိုင်စေရန် အကောင်အထည်ဖော်ခြင်း ၊စောင့်ကြည့်ကြီးကြပ်ခြင်း နှင့် အစီရင်ခံတင်ပြခြင်း လုပ်ငန်း(၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၁၄) အစည်းအဝေး ၌ ပြောကြားခဲ့သည်။

      ထို့ပြင်မြန်မာနိုင်ငံတဝှမ်းလုံးရှိ ကလေးသူငယ်များ၏အကောင်းဆးုံအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်အတွက် ကလေးသူငယ်ဥပဒေ ၁၉၉၃ကို ပြန်လည်ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း ယင်းအပြင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေနှင့် မြန်မာနိုင်ငံ ရှေးဦးကလေး သူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒကိုမကြာမီအတည်ပြု ပြဌာန်းနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားလုပ်ငန်းစဉ် (၂၀၀၆-၂၀၁၅)အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံ ဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာနကို စံနမူနာအဖြစ် ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း။

      ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် အကောင်အထည်ဆောင်ရွက်မှု အနေဖြင့် ပဉ္စမအကြိမ်အစီရင်ခံစာကို ၂၀၁၇ ခုနှစ်တွင် တင်သွင်းနိုင်ရေးကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း စီမံချက်ကို ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီးနောက် ယနေ့အချိန်အထိ အသက်မပြည့်သေးသည့် ကလေး သူငယ်စုစုပေါင်း ၈၈၃ဦးအား မိဘရပ်ထံ ပြန်လည်စေလွှတ်ပေးခဲ့ပါကြောင်း ၊ ယင်းအပြင် မိုင်းအန္တရာယ်ပညာပေးရေးအမျိုးသားအဆင့် လုပ်ငန်းအစီအစဉ်တစ်ရပ် ပေါ်ပေါက်ရေးအတွက်လည်း ကြိုးပမ်းအကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသွားခဲ့ပါသည်။

      ထို့နောက် ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုသားကော်မတီ အကောင်အထည်ဖော် ဆောင်ရွက်မှုနေမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ ကော်မတီဝင်များက မိမိတို့ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများ ၊ ပြည်နယ်တိုင်းဒေသကြီးများမှ လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။

      မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ(၁/၂၀၁၄) အစည်းအဝေးသို့ ယနေ့မွန်းလွဲ၁နာရီတွင် အဆိုပါ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌်ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်အမှာစကား ပြောကြားရာတွင် မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်း(၂၀၁၃-၂၀၂၂) ကို အောင်မြင်စွာရေးဆွဲပြီးဖြစ်၍ ၂၀၁၃ ခုနှစ် အောက်တိုဘာလက ဖြန့််ဝေနိုင်ခဲ့ပါကြောင်း။

      အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်ရွက်မှု အနေဖြင့် စတုတ္ထ နှင့် ပဉ္စမအကြိမ် ပူးတွဲအစီရင်ခံစာကို ၂၀၁၄ ခုနှစ်သြဂုတ်လ တွင် တင်သွင်းမှာဖြစ်ကြောင်း ၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေမူကြမ်းတစ်ရပ် ပြဌာန်းနိုင်ရေး အတွက်ဦးစီးကော်မတီ၊ အကြံပေးကော်မတီ နှင့် လုပ်ငန်းကော်မတီ သုံးရပ်ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။

      ပြောင်းလဲလာသော ခေတ်သစ်စနစ်သစ်နှင့်အညီ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသည့် မြန်မာအမျိုးသမီးများနှင့် မိန်းကလေးများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဝင်များအနေဖြင့် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့သည့် အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များအတွက်အားသာချက် ၊ အားနည်းချက်များကို ပြန်လည်သုံ းသပ် ပြီး ၂၀၁၄ ခုနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

      ယနေ့ကျင်းပသော အဆိုပါအစည်းအဝေးသို့ ပြည့်သ့ူလွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ အမျိုးသားလွှတ်တော် အမျိုးသမီးကလေးသူငယ်ဆိုင်ရာ ကော်မတီဥက္ကဌ ၊ ဒုတိယဝန်ကြီးများ၊ ကလေးသူငယ် အခွင့်ရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ ၊ ပြည်နယ်/တိုင်း ဒေသကြီးများမှ လူမှုရေးဝန်ကြီးများ ၊ အထူးဖိတ်ကြားထားသော မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်ဘ၀ မြှင့်တင်ရေးအသင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ဆပ်ကော်မတီဥက္ကဌများ ၊ ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

FacebookTwitter