ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ဘိုးဘွားရိပ်သာများနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ များအတွက် အလှူငွေများထောက်ပံ့

နေပြည်တော်၊ ဇွန် ၂ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြနှင့် လပွတ္တာခရိုင် အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို မေ ၃၁ရက် နံနက် ၁၀ နာရီတွင် ပုသိမ်မြို့ ပုသိမ်ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်၍ ပုသိမ်မြို့နယ် စက်တော်ရာဘိုးဘွားရိပ်သာ အတွက် ငွေကျပ် ၃၀ ဒသမ ၆၁သိန်းနှင့် ကန်သုံးဆင့်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ငွေကျပ် ၆၄ ဒသမ၁၉သိန်း၊ ငပုတောမြို့နယ် ရွှေကျောင်းတိုက် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာအတွက် ငွေကျပ်၅၈သိန်း ဒသမ ၄၃သိန်း၊ ကျုံပျော်မြို့နယ် ရေစခန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ငွေကျပ် ၄၀ ဒသမ ၁၀သိန်း၊ ပုသိမ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂၉)ကျောင်းအတွက် ငွေကျပ် ၁၇၄သိန်း၊ လပွတ္တာမြို့နယ် ဘီတွက်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ငွေကျပ်၃၂ ဒသမ ၈၀သိန်း၊ လပွတ္တာခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၆)ကျောင်း အတွက် ငွေကျပ်၃၆သိန်း၊ မြောင်းမြမြို့နယ် မြောင်းမြလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၃၆သိန်း ဒသမ၇၅သိန်း၊ အိမ်မဲမြို့နယ် ရွှေအိမ်ရတနာဘိုးဘွား ရိပ်သာအတွက် ငွေကျပ် ၇ ဒသမ ၈သိန်းနှင့် အောင်သိပ္ပံလူငယ်ဖွံ့ဖြိုး ပရဟိတဂေဟာအတွက် ငွေကျပ် ၅၀ ဒသမ ၃၂သိန်း၊ ဝါးခယ်မမြို့နယ် ဒေါ်ပိုက်ဘိုးဘွားရိပ်သာအတွက် ငွေကျပ် ၃ ဒသမ ၆သိန်း၊ မာသာထရီဇာဘိုးဘွား ရိပ်သာအတွက် ငွေကျပ် ၄ ဒသမ ၈သိန်းနှင့် ဝါးခယ်မလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ငွေကျပ်၃၇ ဒသမ ၉၁သိန်း၊ မြောင်းမြခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၆ကျောင်းအတွက် ငွေကျပ် ၃၆သိန်း စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၆၃၉ ဒသမ ၅၄သိန်းကို ပေးအပ်ထောက်ပံ့ခဲ့သည်။

        ထို့နောက် ပုသိမ်ဟိုတယ်၌ ကျင်းပသည့် ပုသိမ်၊ မြောင်းမြနှင့် လပွတ္တာခရိုင်အတွင်းရှိ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များအတွက် နည်းပြသင်တန်း (၁/၂၀၁၄)ဖွင့်ပွဲ အခမ်းအနားကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က အမှာစကားပြောကြားကာ Action Aidအဖွဲ့က သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ဥပဒေနှင့် အသိပညာပေး စာအုပ်များကို ပေးအပ်လှူဒါန်းသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့(၁၄)ရပ်ကွက် ဥမ္မာဒန္တီပန်းဆက်လမ်းရှိ ပုသိမ်ကလေးပြုစုရေး ဌာန ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ဆိုင်းဘုတ်မုတ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဘောလုံးအကယ်ဒမီ ကျောင်း(ပုသိမ်)၌ ပုသိမ်၊ မြောင်းမြနှင့် လပွတ္တာခရိုင်အတွင်း မြို့နယ်များရှိကျေးရွာ ၃၅ ရွာမှ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ် ၅၀နှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ၅၀တို့ကို နည်းပြသင်တန်း ပို့ချသင်ကြားနေမှုအား ကြည့်ရှုအားပေးသည်။

         ဇွန်၁ရက်နံနက်ပိုင်းတွင် ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ဖျာပုံခရိုင်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ပြီး ဖျာပုံမြို့နယ် ကန်တော် မင်္ဂလာဘိုးဘွားရိပ်သာအတွက် ငွေကျပ် ၈၄ ဒသမ ၅၄သိန်းနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၃၀ အတွက် ငွေကျပ် ၁၈၀၊ ကျိုက်လတ်မြို့နယ် ပေချောင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ငွေကျပ်၂၉ ဒသမ ၁၅သိန်း၊ ဘိုကလေးမြို့နယ် ဘိုးဘွားချမ်းမြေ့ဓမ္မဘိုးဘွားရိပ်သာအတွက် ငွေကျပ် ၆ ဒသမ ၃သိန်း၊ ရတနာမဉ္ဇူ လူငယ်ပရဟိတဂေဟာအတွက် ငွေကျပ် ၁၅သိန်းနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအတွက် ငွေကျပ် ၉သိန်း၊ ဒေးဒရဲမြို့နယ် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၁၆ကျောင်းအတွက် ငွေကျပ် ၉၆သိန်းစုစုပေါင်း ငွေကျပ် သိန်းပေါင်း ၄၇၃ ဒသမ ၄၇သိန်းကို ပေးအပ်ထောက်ပံ့သည်။

          ယင်းနောက်ဖျာပုံခရိုင်အတွင်းရှိ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ်များနှင့်သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များအတွက် နည်းပြသင်တန်း(၂/၂၀၁၄)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ထန်းပင် ပရိယတ္တိကျောင်းတိုက်၌ ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ကျိုက်လတ်မြို့နယ်နှင့် ဘိုကလေးမြို့နယ်အတွင်း ကျေးရွာ ၂၅ရွာမှ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ်၃၀နှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် ၃၀တို့ကို နည်းပြသင်တန်း ပို့ချသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဖျာပုံမြို့၊ (၁၁)ရပ်ကွက်၊ ဆောက်လုပ်ရေးဝင်းအနီးရှိ ဖျာပုံမူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မူကြိုကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ အိမ်တွင်းမှုလုပ်ငန်းအတတ်သင် ကျောင်း၌ စက်ချုပ်သင်တန်းဖွင့်လှစ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter