လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်ရှင်းလင်းပွဲ

မေ(၂၄)၊ မန္တလေးတိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်ရှင်းလင်းပွဲအား (၂၃-၅-၂ဝ၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးသစ်မှ အဖွင့်အမှာစကားပြောကြားခဲပါကြောင်း၊ တိုင်းဒေသကြီးဦးစီးမှူးမှ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ပြီး  အဆိုရှင်းလင်းပွဲသို့ အင်အား(၆၆)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter