ကလေးသူငယ်များအပေါ် အလွဲသုံးစားမှု ဖြစ်စဉ်များ ဖြစ်မလာစေရေး ဆွေးနွေး

 နေပြည်တော်၊ ၁၃.၇.၂၀၁၇      

          ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား UNICEF အဖွဲ့မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဌာနကြီးမှူး Mr.Aaron Greenberg ဦးဆောင်သောအဖွဲ့မှ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် နီပေါနိုင်ငံတို့တွင် မိဘမဲ့ ဂေဟာများတိုးပွားလာခြင်းနှင့်ခရီးသွားလုပ်ငန်းတိုးတက်လာခြင်းတို့တွင် ဆက်စပ်မှုရှိနေပြီးမိဘမဲ့ ဂေဟာများကို နိုင်ငံခြားသားများလာရောက်လေ့လာ လှူဒါန်းစေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်မှုများသည် ကလေးသူငယ်များအပေါ် အလွဲသုံးစားမှု ပြုခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့သော ဖြစ်စဉ်များ ဖြစ်မလာစေရေးကို UNICEF Myanmar ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ရေး၊ ယင်းသို့ဆောင်ရွက် ရာတွင် ဤဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များကိုမိသားစုပုံစံ အစားထိုး နည်းလမ်းများဖြင့် စောင့်ရှောက်ခြင်း (Alternative Care)ဖြင့် ဆောင်ရွက်ရန်ဖြစ်ပြီး ဖြစ်ရပ်စီမံခန့်ခွဲသူ (Care Manager)များထားရှိသည့် မြို့နယ်(၂)မြို့နယ်တွင် စတင်အကောင်အထည်ဖေါ်ဆောင်ရွက်မှု အခြေအနေများ၊ အသစ်ပြဌာန်းမည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေတွင် ကလေးမွေးစားခြင်းဆိုင်ရာအခန်းကဏ္ဍတွင်ယင်းသို့သောကလေးသူငယ်များအားအလွဲသုံးစားအမြတ်ထုတ်မှုများမှ ကြိုတင်ကာကွယ်နိုင်ရေးပါဝင် ရေးဆွဲထားမှု၊ မိဘမဲ့ဂေဟာများလိုက်နာဆောင်ရွက်ရမည့် ပဋိဉာဉ်စာတမ်း၊ ဂေဟာစည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ရေးဆွဲခဲ့မှု အခြေအနေများကိုရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
 

FacebookTwitter