ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းရေးဆွဲခြင်းနှင့် ဘတ်ဂျက်ပြင်ဆင်ရေးဆွဲရာတွင် လူမှုဝန်ထမ်းလုပ်ငန်းရပ်များ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ်ကို အားဖြည့်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

               အလုပ်ရုံဆွေးနွေးပွဲတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ ဦးဆောင်၍ နေပြည်တော်ရုံးချုပ်မှ အရာထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပြည်နယ်/တိုင်းဦးစီးမှူးများ ပါဝင်တက်ရောက်၍ UNICEF ၏ ပံ့ပိုးမှုဖြင့် နေပြည်တော် Lake Garden Hotel ၌ ယနေ့နံနက် (၀၉း၃၀) တွင် ကျင်းပခဲ့ပါသည်။

              ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အုပ်စု(၄)ဖွဲ့ခွဲ၍ အဖွဲ့လိုက်ဆွေးနွေးမှုများ ပြုလုပ်ပြီး မဟာဗျူဟာနှင့် လုပ်ငန်းလုပ်ဆောင်မှုဆိုင်ရာ စီမံကိန်းရေးဆွဲမှုများ၊ တိုးမြှင့်ရရှိလာခဲ့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အတွက် စီမံကိန်း အကောင်အထည်ဖော်ဆောင်နေမှုများနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် မျှော်မှန်းစီစဉ်ထားသော စီမံကိန်းများ၊ လုပ်ငန်းအစီစဉ်များနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ ရေးဆွဲဆောင်ရွက်နိုင်ရေး စွမ်းဆောင်ရည် မြှင့်တင်မှု ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ပါသည်။

FacebookTwitter