အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကျင်းပခြင်း

မွန်ပြည်နယ်၊၂၀၁၇၊အောက်တိုဘာ ၂

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကို(၁.၁၀.၂၀၁၇)ရက်နေ့၊နံနက်(၀၉း၀၀)နာရီအချိန်တွင်မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ပြည်နယ်ဝန်ကြီးချုပ်ဇနီး၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအဖွဲ့အစည်းများ၊ပြည်နယ်အတွင်းရှိဘိုးဘွားရိပ်သာများမှအဘိုးအဘွားများ၊စစ်မှုထမ်းဟောင်းအဖွဲ့မှအဘိုးများ၊ရပ်ကွက်များမှ အဘိုးအဘွားများ၊နှင့်သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့မှအဘိုးအဘွားများစုစုပေါင်းအင်အား(၅၂၀)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားမစမီအဘိုးအဘွားများအားဧည့်ခံကျွေးမွေးခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီးအခမ်းအနားတွင်မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး၊ပြည်နယ်ဦးစီးမှူးမှအခမ်းအနားကျင်းပရခြင်းအားရှင်းလင်းတင်ပြခြင်းအဘိုးအဘွားများအားကန်တော့ခြင်း၊လက်ဆောင် ပစ္စည်းပေးအပ်ခြင်းနှင့်ဆုတောင်းမေတ္တာပြန်လည်ပို့သခြင်းများဆောင်ရွက်ခဲ့ပါသည်အခမ်းအနားပြီးနောက်အဘိုးအဘွားများကိုတောင်ဝိုင်း ဘိုးဘွားရိပ်သာတွင်နေ့လည်စာဖြင့် ဧည့်ခံကျွေမွေးခဲ့ပါသည်။

 

 

 

 

 

 

 

FacebookTwitter