အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကျင်းပခြင်း

တနင်္သရီတိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ၂
        (၁.၁၀.၂၀၁၇)ရက်နေ့၊မွန်းလွဲ(၁း၀၀)နာရီအချိန်တွင်သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊သာသနာ့ဗိမ္မာန် တော်ကြီး၌ ကျင်းပခဲ့ပါသည်။
    ရှေးဦးစွာ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးမြင့်စန်းက အထိမ်းအမှတ် အမှာစကား ပြောကြားကာ အဘိုးအဘွားများအား ကန်တော့ခဲ့ကြပြီး အဘိုးအဘွားများကိုယ်စား အဘွား ဒေါ်သန်းရီက ဆုတောင်းမေတ္တာပို့သစကား ပြောကြားခဲ့ပါသည်။ထို့နောက် အဘိုးအဘွား(၅၀)ဦးအား တစ်ဦးလျှင် အလှူငွေကျပ် (၁) သောင်း၊ ဆေးဝါး နှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအဖွဲ့အစည်းဝင်များ၊ တာဝန်ရှိသူများနှင့် တက်ရောက် လာသူများက သာဓု(၃)ကြိမ်ခေါ်ဆိုကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ဆက်လက်၍ အသက်(၉၀)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေး ဆေးစစ် ကုသမှုပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter