UEHRD စီမံကိန်းတွင် လူငယ်များလည်း ပူးပေါင်းပါဝင်လျက်ရှိပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချရန် စီစဉ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၃၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်း ဆင်းပွဲကို (၂၈.၁၉.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဘိုးဘွားများအား နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ပြီး သင်တန်းဆင်းပွဲအမှာစကား ပြောကြားခဲ့ ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ယခုအခါ နိုင်ငံအတွင်း မှုခင်းများပေါ်ပေါက်ခြင်း၊ ပဋိပက္ခများ ဖြစ်ပွားခြင်းများရှိရာ ၎င်းတို့၏ အခြေခံအကြောင်းများတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားခြင်းသည် အကြောင်းရင်းတစ်ရပ် ဖြစ်ပါ ကြောင်း၊  အနာဂါတ်နိုင်ငံတော်တွင် လူငယ်များအတွင်း မူးယစ်ကင်းစင်ပြီးစိတ်ဓာတ်ကြံ့ခိုင်သောခေါင်းဆောင်များဖြစ်လာစေရေးအတွက် စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုက တဆင့် တည်ငြိမ်အေးချမ်းသော အခြေအနေကိုတည်ဆောက်ရာတွင် ဥပဒေ၊ နည်းဥပဒေများကို အသစ်ရေးဆွဲခြင်း၊ ပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၉၃ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကိုလည်း ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲခဲ့ပြီးဖြစ်သဖြင့် ယခင်ဆေးသုံးစွဲသူများသည် မှတ်ပုံတင်ကာ ဆေးကုသမှုခံယူရပြီး ယခုအခါ မှတ်ပုံတင်ရန်မလိုအပ်တော့ဘဲ ဆေးကုသခွင့်ရှိလာပြီဖြစ်ပါကြောင်း၊ မူးယစ်သုံးစွဲခဲ့ သူများအနေဖြင့် ဘဝဆုံးပြီဟု ထင်မြင်ရာမှ ပြန်လည်ထူထောင်ရေးကြောင့် ဘဝအသစ် ပြန်စနိုင်ပြီဆိုတာကို သိရှိနားလည်လာပြီ ဖြစ်သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အရေးပါလာပြီ ဖြစ်ပါကြောင်းနှင့် ယခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း (၉)ခုတွင် တာချီလိတ်၊ လားရှိုးနှင့်ကျိုင်းတုံစခန်းများ၌ သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ပြင်ဦးလွင်၊ ဗန်းမောက်နှင့် ထားဝယ်တို့တွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်းနှင့် ယနေ့သင်တန်းဆင်းပြီးသူများအနေဖြင့် မူးယစ် ဆေးဝါးနှင့်ဆက်နွယ်သည့် လုပ်ငန်းစဉ်များနှင့် နောက်ဆက်တွဲစောင့်ရှောက်ရမည့် လုပ်ငန်းစဉ်များကို နားလည်တတ်ကျွမ်းပြီး ဖြစ်သဖြင့် ဝိုင်းဝန်းပံ့ပိုးကြဖို့ပြောကြားလိုပါကြောင်းဖြင့် ပြောကြားကာ သင်တန်းဆင်းလက်မှတ် များကို တစ်ဦးချင်းစီသို့ ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် UEHRD စီမံကိန်းတွင် လူငယ်များပါဝင်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဦးဝေဠုကျော်နှင့် ညှိနှိုင်းဆွေးနွေး ရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)၏ ရှေ့ပြေးဆောင်ရွက်မှုများတွင် ဝေဠုကျော် ဖောင်ဒေးရှင်းမှ လူငယ်များပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ လူငယ်များကို သင်တန်းများ ဖွင့်လှစ်ပို့ချပြီး ကွင်းဆင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ စားဝတ်နေရေးအတွက် လတ်တလောလိုအပ်ချက်များတွင် လူငယ်များ၏အင်အားဖြင့် ပူးပေါင်း ပါဝင်နိုင်မည့် အခြေအနေများကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

 

FacebookTwitter