ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်လှစ်ခြင်း

မန္တလေးတိုင်းဒေသကြီး၊၂၀၁၇၊အောက်တိုဘာ ၃၀

လူမှုဝန်ထမ်းဦးစီးဌာန၊မန္တလေးပြန်လည်ထူထောင်ရေးစခန်းနှင့်ကုသရေးဦးစီးဌာန၊မူးယစ်ဆေးစွဲရောဂါကုသရေးဆေးရုံ၊ပြင်ဦးလွင်မြို့တို့ပူးပေါင်း၍ ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားအား(၃၀.၁၀.၂၀၁၇)ရက်နေ့၌ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးနှင့်မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းသင်တန်းကျောင်းများမှကျောင်းအုပ်ဆရာကြီး /ဆရာမကြီးများ၊ ပြင်ဦးလွင်ခရိုင် ထွေ/အုပ်မှတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်လူမှုဝန်ထမ်းရုံး မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။

FacebookTwitter