မြန်မာငွေ(သိန်း ၅၀၀)တန်ဖိုးရှိ၊ ရေသန့်ဆေးထုတ်(၁)သန်းအား UEHRDသို့ လှူဒါန်း

နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၇          WorldVisionမှရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ်မြန်မာငွေ(သိန်း၅၀၀)တန်ဖိုးရှိ၊ရေသန့်ဆေးထုတ်(၁)သန်း အား UEHRDသို့(၆.၁၁.၂၀၁၇)ရက်နေ့၊နေ့လည်ပိုင်းတွင်လာရောက်လှူဒါန်းခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က လက်ခံခဲ့ပါသည်။          ထို့နောက်WorldVisionအနေဖြင့်မြန်မာနိုင်ငံအတွင်းဆောင်ရွက်နေသည့်လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့်မြို့နယ်နှင့်ကျေးရွာ များတွင်အကောင်အထည်ဖေါ်နေသည့်ဖွံဖြိုးတိုးတက်ရေးစီမံကိန်းများ၊ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်းဆောင်ရွက်နေ သည့် အသေးစားချေးငွေ စီမံကိန်း ကိစ္စရပ်များအားဆွေးနွေးခဲ့ပါသည်။

ဒုတိယဝန်ကြီးဦးစိုးအောင်ကယခုလိုရေသန့်ဆေးပြားများလာရောက်လှူဒါန်းသည့်အတွက်ကျေးဇူးတင်ပါကြောင်းပြောကြားပြီး၊ဝန်ကြီးဌာနနှင့်ရှေ့ ဆက်ဆောင်ရွက်နိုင်မည့်လုပ်ငန်းကိစ္စရပ်များ၊ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်အရှိန်အဟုန်မြှင့်တင်၍ဆောင်ရွက်နေသောလူသားချင်းစာနာမှုအကူ အညီများထောက်ပံ့ပေးရေးလုပ်ငန်းများတွင်World Visionအနေဖြင့်ပူးပေါင်းပါဝင်နိုင်မည့် ကဏ္ဍများအားအကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

       

 

FacebookTwitter