ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဒုတိယဝန်ကြီး H.E. Mr. Martin Bille Hermanအဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာအီတလီနိုင်ငံသံအမတ်ကြီး H.E Mr. Pier Giorgio Alibertiတို့ကသီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော်၊နိုဝင်ဘာ ၁၀

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား    ဒိန်းမတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာ ဒုတိယဝန်ကြီး H.E. Mr. Martin Bille Hermanဦးဆောင်သည့်အဖွဲ့ နှင့် မြန်မာ နိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E Mr. Pier Giorgio Aliberti တို့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် (၉.၁၀.၂၀၁၇)ရက်နေ့၊မွန်းလွဲပိုင်းတွင် သီးခြားစီလာရောက် တွေ့ဆုံပါသည်။

ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဒုတိယဝန်ကြီး H.E. Mr. Martin Bille Herman ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံရာတွင် ဒိန်းမတ်နိုင်ငံအနေဖြင့်နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွင်မြန်မာနိုင်ငံသည်ဦးစားပေးနိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ရခိုင်ပြည်နယ် အတွင်းဆောင်ရွက်နေသောလူသားချင်းစာနာကူညီမှုလုပ်ငန်းများတိုးမြှင့်ရေးကိစ္စ၊ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အကြံပြုချက်များ အားအကောင်အထည်ဖေါ်နေမှုများ၊ ရေတိုရေရှည်ဆောင်ရွက် ရမည့် ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆွေးနွေးမေးမြန်းခဲ့ပြီးပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်နေသော ရခိုင်ပြည်နယ်ဆိုင်ရာ လူသားချင်းစာနာကူညီမှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်းသူများ ပြန်လည်နေရာချထားရေး၊ ပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ၊ဒီမိုကရေစီနည်းလမ်းတကျတင်မြှောက်ထားသောအစိုးရအနေဖြင့်နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း ဆောင်ရွက်မှုများ၊ Red Cross Movement, WFP, ASEAN နှင့်မိတ်ဖက်နိုင်ငံများမှလူသားချင်းစာနာမှုအကူအညီများထောက်ပံ့နေသည့်ကိစ္စများ၊ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ အကြံပြုချက် များအား လက်တွေ့အကောင်အထည်ဖေါ်နေမှုများ၊ UEHRD ထူထောင်၍ပြည်သူများ၏ အင်အားဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းလူငယ်ထု၏ပူးပေါင်းပါဝင်မှုဖြင့်လူသားချင်းစာနာမှုအကူအညီဆိုင်ရာထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊နိုင်ငံသား စိစစ်ရေးလုပ်ငန်းများအရှိန်မြှင့်တင်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ရခိုင်ပြည်နယ်၏လုံခြုံရေးတိုးမြှင့်ရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနက ရဲဝန်ထမ်းအင်အားတိုးမြှင့်ဆောင်ရွက်မည့်အစီအစဉ်များ၊စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက်မူဝါဒများချမှတ်၍အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးမည့် အစီအစဉ်နှင့် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်စေရန် ဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာအီတလီနိုင်ငံ သံအမတ်ကြီး H.E Mr. Pier Giorgio Aliberti နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွက် ကြိုးပမ်းဆောင်ရွက်နေသော အစိုးရ၏လုပ်ငန်း များအားသိရှပြီး အီတလီနိုင်ငံအနေဖြင့် ကူညီနိုင်မည့်နည်းလမ်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီများပေးနိုင်မည့် ကိစ္စရပ်များအား မေးမြန်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးမှ ပြည်သူများ၏ အင်အား၊ မိတ်ဆွေအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ၏ စုပေါင်းအင်အားဖြင့် အကောင်အထည် ဖေါ်မည့် UEHRD ၏လုပ်ငန်းများ၊ မူဝါဒများလုပ်ငန်းစဉ်များချမှတ်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊  နိုင်ငံတွင်း    ပြန်လည်ဝင်ရောက်လိုသူများအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ် နိုင်ငံသဘောတူညီချက်များချမှတ်နိုင်ရန် ဆွေးနွေးနေသည့်ကိစ္စများ၊ ကျေးရွာနှင့်အဆောက်အဦများ စနစ်တကျပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင် အထည်ဖေါ်ဆောင်ရွက်မည့်ကိစ္စရပ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

 

FacebookTwitter