UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန

နေပြည်တော် ၊၂၀၁၇ နိုဝင်ဘာ ၂၀

                  ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) ၏  လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် သိန်း(၂၀၀)ကို ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကလည်းကောင်း၊ နယူးယောက်မြို့ရှိ မြန်မာ-အမေရိကန် ဆေးပညာအသင်းကလှူဒါန်းသော အမေရိကန် ဒေါ်လာ(၁၀၀၀၀)ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်ကလည်းကောင်း၊ ရန်ကုန်မြို့ရှိတီမောလက်စ်တေသံရုံးက လှူဒါန်းသော အမေရိကန်ဒေါ်လာ (၈၀၀၀)ကို သံအမတ်ကြီးကလည်းကောင်း၊ (၁၇.၁၁.၂၀၁၇)ရက်နေ့၊မွန်းလွဲပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ် လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter