UEHRD ၏လုပ်ငန်းစဉ်များတွင်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီ ဒေါက်တာဝင်းမြတ်အေ အာ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီးH.E Mr.Nicholas Coppel နှင့်(UNOCHA)မှHead of Office ဖြစ်သူMr.Mark Cutts အဖွဲတို့ကသီးခြားစီလာရောက်တွ့ဆုံ

 နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ ၂၀          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E Mr. Nicholas Coppel နှင့် United Nations Office for the Coordination of Humanitarian Affairs (UNOCHA)မှHead of Officeဖြစ်သူMr.MarkCuttsအဖွဲ့တို့က(၁၇.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးရုံး၊မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံပါသည်။          ရှေးဦးစွာသြစတြေးလျနိုင်ငံသံအမတ်ကြီးH.EMr.NicholasCoppelနှင့်တွေ့ဆုံရာတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ကြိုးပမ်းဆောင်ရွက်နေမှုများအားသိရှိနားလည်ပါကြောင်း၊သြစတြေးလျနိုင်ငံအနေဖြင့်မြန်မာနိုင်ငံအားလိုအပ်သည်များအကူ အညီပေးရန်အသင့်ရှိပါကြောင်းပြောကြားပြီးရခိုင်ပြည်နယ်တွင်လူငယ်များ၏အင်အားဖြင့်ဆောင်ရွက်နေသောလူသားချင်းစာနာကူညီမှုလုပ်ငန်း များ၊ဒေသတွင်းနေရပ်စွန့်ခွာသူများနှင့်နိုင်ငံတွင်းပြန်လည်ဝင်ရောက်သူများအားအကူအညီပေးရေးကိစ္စရပ်များ၊ကချင်ပြည်နယ်၊ရှမ်းပြည် နယ်မြောက်ပိုင်းနှင့်မြန်မာထိုင်းနယ်စပ်ရှိဒေသတွင်းရွှေ့ပြောင်းသူများကိစ္စရပ်များအားဆွေးနွေးမေးမြန်းပါသည်။   

           ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ကိစ္စအတွက် အဓိကလုပ်ငန်းကြီး(၂)ခု ဖြစ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက် ရေးကော်မတီနှင့် UEHRDတို့၏ လုပ်ငန်းတာဝန်များ၊ ရေတိုရေရှည်စီမံချက်များဖြင့် ပဋိပက္ခထပ်မံ မဖြစ်ပွားစေ ရေးဆောင်ရွက်နေမှုများ၊ UEHRD အကောင်အထည်ဖော်ရေး တွင် ပြည်သူများ၏ အင်အားကို စုစည်းဆောင်ရွက်မည်ဖြစ်ရာ နိုင်ငံတစ်ဝှမ်းမှ  စေတနာ့ဝန်ထမ်း လူငယ်များ၏ အင်အားဖြင့် လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ပြန်လည်ထူထောင်ရေးအတွက် ကျေးရွာများပြန်လည် တည်ဆောက်နေမှု များနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ မိတ်ဖက်နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီများရယူမည့် ကိစ္စရပ်များ၊ လျှပ်စစ်ဓါတ်အား၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများအား ဦးစား ပေးဆောင်ရွက်မည့်ကိစ္စရပ်များ၊ နိုင်ငံတွင်းပြန်လည်ဝင်ရောက် လိုသူများအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များရရန် ညှိနှိုင်းနေမှုများ၊ ကချင်၊ ရှမ်း(မြောက်)နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ဒေသအတွင်း ရွှေ့ပြောင်း သူများအတွက် စီစဉ်ဆောင်ရွက်နေသော ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြီး သြစတြေးလျ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အကူအညီပေးနေမှုများအား ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် United Nations Office for the Coordination of Humanitaian Affairs(UNOCHA)မှ Head of Office ဖြစ်သူ Mr. Mark Cutts အဖွဲ့နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေး လုပ်ငန်း များနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အစိုးရမှ UEHRD စီမံကိန်းဖြင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းစွာသိရှိရသဖြင့်ဝမ်းမြောက်ပါကြောင်း၊ UNOCHA မှ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ တုံ့ပြန်ရေးစီမံချက် (Humanitarian Response Plan -2018) ရေးဆွဲထားမှုအား ရှင်းလင်းတင်ပြပြီး ဤစီမံချက်သည် UNOCHA တစ်ဖွဲ့တည်းနှင့်သက်ဆိုင်သည့်စီမံချက် မဟုတ်ဘဲ ကဏ္ဍပေါင်းစုံပါဝင်သည့်အတွက် UNDP၊ UNHCR၊ FAO တို့မှ ဌာနေကိုယ်စားလှယ်များပါဝင်လျက် လာရောက်ရှင်းလင်းတင်ပြရခြင်း ဖြစ်ပါကြောင်း၊ ဤစီမံချက်ပါ ရခိုင်ပြည်နယ်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများတွင် UEHRD ၏ လုပ်ငန်းများနှင့် ကိုက်ညီစေရန် ရေးဆွဲထားရှိပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော်အစိုးရနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်၍ UEHRD တွင် ပါဝင်ကူညီ နိုင်မည့်နည်းလမ်းများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက လူသားချင်းစာနာကူညီမှု၊ ပြန်လည်ထူထောင်နေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ပြည်သူများ၏ အင်အားဖြင့် တည်ထောင်ထားသော UEHRD ၏ လုပ်ငန်းများ၊ ရပ်ရွာလူထုအတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ကြိုးပမ်းချက်အဖြစ် မတူကွဲပြားမှုများ စီမံခန့်ခွဲရေးဖိုရမ် ကျင်းပမည့်ကိစ္စများ၊ UEHRD ၏ စီမံချက်ရေးဆွဲပြီး ရေတိုရေရှည်အကောင်အထည်ဖေါ် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပြည်တွင်းပြည်ပရှိ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများအားဖိတ်ခေါ်၍ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် ကိစ္စရပ်များ ရှင်းလင်းပြောကြားပြီး လူသားခြင်းစာနာ ထောက်ထားမှု အကူအညီပေးရေးဆိုင်ရာတုံ့ပြန်ရေးစီမံချက်အပေါ် အကြံပြုဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

 

 

FacebookTwitter